Chapter 141

610 65 0
                                    

Unicode

၁၄၁။ သူ(မ) အရှုံးပေးအောင်လုပ်မယ်

ရှောင်းယွီရုန် မျက်ခွံများ လှုပ်သွားခဲ့သည်။

ကျောက်ရွှမ်ကျင်း ထွက်သွားရန် ထလိုက်သည်အား သူ မြင်လိုက်ရသည်။ သူသည် တံခါးဝသို့ ရောက်သွားသည့်အခါ ရပ်တန့်နေသည်မှာ ကျောက်တုံးတစ်တုံး ပိတ်နေသကဲ့သို့ပင်။ ကျောက်ရွှမ်ကျင်းသည် ခေါင်းကိုလှည့်၍ သူ့အား အထင်သေးသည့်ပုံဖြင့်ကြည့်ရင်း ပြောလိုက်၏။ " ယုန်တစ်ကောင်က သူရဲ့ တွင်းကို ဘယ်တော့မှ မညစ်ပတ်စေဘူးတဲ့။ ရှေးစကားပုံက တကယ့်ကို မှန်တာပဲ။ ငါတို့တွေက ဂိုဏ်းတစ်ခုထဲကသူတွေပါ။ ဆရာတူအစ်ကို့မှာ ဘယ်လိုလုပ်ပြီး ဒီလိုအတွေးမျိုး ရှိနေရတာလဲ? မင်းက တကယ့်ကို တိရစ္ဆာန်တစ်ကောင်ပဲ။ ကျောင်းတော်က မကြာသေးခင်ကမှ ဆရာကြီးယွမ်ဝေ့ရဲ့

 ' ရှင်သန်ခြင်းရဲ့အရသာ' ပန်းချီကားကို ရခဲ့တယ်လို့ကြားတယ်။ အဲ့ဒီပန်းချီကားထဲမှာ တိရစ္ဆာန်‌တွေကို အံ့ဩစရာကောင်းလောက်အောင် ရေးဆွဲထားတာ။ ငါ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကြည့်ကြည့်တာ၊ သူတို့ အကုန်လုံးက မင်းနဲ့တူတယ်လို့ ငါထင်တယ်။ မင်း အဲ့တာကို ကူးယူထားသင့်တယ် ဆရာတူအစ်ကို"

သူ‌ ပြောလို့ပြီးသွားသည်နှင့် ချက်ချင်း ထွက်သွားတော့သည်။

ရှောင်းယွီရုန်၏ မျက်ခွံများ လှုပ်သွားရခဲ့ပြန်သည်။ သူ မနီးမဝေး၌ရှိသည့်စားပွဲအား ဖြည်းညင်းစွာ ကြည့်လိုက်၏။

'ရှင်သန်ခြင်းရဲ့အရသာ' ပန်းချီကား…

သူသည် ထိုပန်းချီကားကို ဤနေရာသို့ ပို့လိုက်ရန် တစ်စုံတစ်ယောက်အား ယနေ့မှ စေခိုင်းလိုက်ခြင်း ဖြစ်သည်။ သူ ထိုပန်းချီကားအား ကူးဆွဲမည်ဟု တွေးခဲ့သည်ပင်…

ရုတ်တရက် ထိုအရာအား လုပ်ဆောင်ရန် သူ အားမထုတ်နိုင်တော့ပေ။

ကျောက်ရွှမ်ကျင်းထွက်သွားသည့်အခါတွင်  ရှဲ့ဖင်းဟွိုက်အား ဖြတ်‌ကျော်၍ လျှောက်သွားခဲ့သည်။

သူ ဘယ်လို‌တွေတောင် ဒူးထောက်နေခဲ့တာလဲ? ရှဲ့ဖင်းဟွိုက်၏ ခေါင်းမှာ စောင်းနေခဲ့ပြီး မြေကြီးပေါ် လှဲတော့မတတ်အထိ ဖြစ်နေခဲ့လေသည်။ သူသည် ဒူးထောက်ရင်း အိပ်နေကာ မြေကြီးပေါ်၌ သွားရေများပင် ကျနေလေပြီဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now