Chapter 171-180

420 55 0
                                    

Unicode

၁၇၁။ (ထိုသို့လုပ်ရန် တွန်းအားပေးခံရ)

    လူတိုင်းက ရှဲ့မိသားစုအကြောင်း ကောင်းကောင်း သိကြသည်။

    ရှဲ့ဖင်းကန်းက နန်းမြို့တော်ကို ရောက်သည်နှင့် တော်ဝင်ကျောင်းတော်မှ ဆရာတစ်ယောက်ကို ရိုက်နှက်ခဲ့၏။ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့မှာမူ ကျောင်းတော်တွင် တက်နေကြသည်မှာ နှစ်နှစ်မျှကြာပြီဖြစ်သော်လည်း ကြွေပန်းခြံဝန်းတွင် ရှိနေကြဆဲ ဖြစ်သည်။ တိုးတက်မှုသည်က ဗလာနတ္တိ။

    ရှဲ့ချောင်ကတော့ တော်သည်ဟု ယူဆ၍ ရသော်ငြား ဓားရေးစွမ်းရည်အတန်းတွင် ပြသခဲ့သော သူမ၏ ရင်သက်ရှုမောဖွယ်တင်ဆက်မှုမှလွဲ ကျောင်းတော်သို့ ဝင်ရောက်လာပြီးကတည်းက အခြားသောအတန်းများတွင် လူလုံးပြခဲ၏။

    သူတို့ထဲက တစ်ယောက်မှ ပညာရေးနှင့် ပတ်သတ်၍ အလေးအနက်မထားကြပေ။

    ဒီလိုမိသားစုက ဆရာကြီးယွင်ဝေ့ရဲ့ ပရိတ်သတ်တစ်စုတဲ့လား?

    သံသယရှိဟန်ပေါ်သည့် အသံတို့က ပို၍ ကျယ်လောင်လာသည်။

    ရှဲ့ချောင်မှာ ထိုစကားတို့ကို ကြားပြီးနောက် မအံ့သြမိဘဲ မနေနိုင်တော့ချေ။

    "ဒီကောလာဟလကို ဘယ်သူဖြန့်တာလဲ"ရှဲ့ချောင်က ချင်လျှို့ကို မေးလိုက်သည်။

    ချင်လျို့က သူမအတွက် ပိုစိတ်ပူနေသည်။ "အဲ့တာ နင့် ညီမလေးဆိုတဲ့ တစ်ယောက်လားလို့? ခရေခြံဝန်း အတန်း (၄) က မိန်းကလေးဖေလေ သူမ ပြောတာတော့ မတော်တဆနှုတ်ကျွံသွားတာတဲ့ လူတွေအများကြီး သူမကို ဝိုင်းမေးကြတော့တောင် သူမပုံစံက အခက်တွေ့နေတဲ့ပုံနဲ့... ငါ သူ့ကို စောင့်ကြည့်နေတာတော့ သူပြုမူနေတဲ့ပုံစံကို ကြည့်ပြီး လူတိုင်းက ကောလဟာလတွေကို အမှန်တွေလို့ ထင်ကုန်ပြီ"

    ရှဲ့ချောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

    သေချာပြန်ပြီး တွေးကြည့်နေသော်လည်း သူမ ဖေဝမ်ယွဲ့အပေါ် စည်းကျော်ပြီး တစ်ခုခုလုပ်ခဲ့ဖူးတာမျိုးလည်း ရှိပုံမရချေ။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now