Chapter:76 (မသင်္ကာဖွယ် ကိစ္စ)
နန်းတွင်းကိုယ်ရံတော် အနည်းငယ်မှာ ထိတ်လန့်နေခဲ့ကြစဥ် သူတို့ထဲမှတစ်ယောက်သည် ရှဲ့ဖင်းကန်း၏ ရင်ဘတ်တည့်တည့်သို့ ပြေးဝင်လာခဲ့ပြီးနောက် လွှင့်ပစ်ခံလိုက်ရလေသည်!
သူတို့အားလုံး သတိပြန်ဝင်လာကြသောအခါ မဆိုင်းမတွပင် ထွက်ပြေးကြတော့၏!
ဒီနေ့က သူတို့အတွက် အချိန်ကောင်းမဟုတ်သေးဘူး!
အကျိုးသင့်အကြောင်းသင့်မပြုမူခြင်းကြောင့် ရှဲ့ဖင်းကန်းတွင် ဆိုးဝါးသော ဂုဏ်သတင်းရှိလေသည်!
သူတိို့မှာ ထိုသူနှင့် မထင်မှတ်ပဲ ဝင်တိုးမိကတည်းက အမတအရှင်ရှဲ့အား သူတို့နှင့် တွေ့ခွင့်မပြုရုံသာမက ထိုသူသည် နဂိုကထက် ပိုကြီးသောအပေးအယူ ဖြစ်သွားအောင်ပင် လုပ်ချင်လုပ်နိုင်သေးပေသည်။ ထိုအချိန်ကျလျှင် လူအားလုံးမှာ အရှင့်သားကို စောင့်ကြည့်ကြလိမ့်မည်!
နန်းတွင်းကိုယ်ရံတော်အနည်းငယ်မှာ ရှဲ့ချောင်နှင့် လျင်မြန်စွာ စကားပြောနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ယခုတော့ ထိုကဲ့သို့ဖြစ်နိုင်တော့မည် မထင်ပေ။
၎င်းတို့မှာ အလျင်အမြန်ပြေးသွားကြကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားကြတော့သည်။
ရှဲ့ဖင်းကန်းသည် နေရာ၌ပင်ရပ်ကာ ပြောစရာနတ္ထိဖြင့် မှင်တက်နေလေ၏။
' အဲ့တာတွေက ဘယ်သူတွေလဲဟ? သောက်ကျိုးနည်းပဲ!? '
" ဒီကိုလာတဲ့လူက လူကြီးမင်းကျို့မဟုတ်တာ ကံကောင်းတာပဲ။ ငါတို့က မျက်နှာသစ်တွေဆိုတော့ အဲဒီ့ဂေါ်ဇီလာကြီး ငါတို့တွေကို မသိနိုင်ဘူး" ထွက်ပြေးလာခဲ့ကြသော နန်းတွင်းကိုယ်ရံတော်များမှာ အလွန်ကံကောင်းသည်ဟု ခံစားကြရ၏။
၎င်းတို့ထဲမှ တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။ " ငါတို့တွေ ဘာလို့... အစေခံတွေနဲ့ တွဲလုပ်ပြီး သူတို့ကို စာမပို့ခိုင်းရတာလဲ?"
" အကြံကောင်းတစ်ခုပဲ! ငါတို့က သူမကို ရှာဖို့ပဲတွေးနေမိကြတော့ ပိုသင့်တော်တဲ့ နည်းလမ်းကို ရှာဖို့ မေ့သွားတာ! ဘာပဲဖြစ်ဖြစ် ငါစိတ်ပူတာက အမတအရှင်ရှဲ့က စာကိုဖတ်ပြီးတော့ ငါတို့ကို လျစ်လျူရှုလိုက်မှာကိုပဲ။ အဲ့အချိန်ကျရင် အရူးကောင်ချင်းကျီက သူမကို စိတ်အနှောင့်အယှက်ပေးလိမ့်မယ်! "
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed