Chapter 83

693 80 0
                                    

၈၃။ (ထိန်းချုပ်ထားရသော စိတ်ခံစားချက်များ)

ရှဲ့ချောင်၏ အသံအနေအထားမှာ တည်ငြိမ်နေကာ ရယ်သွမ်းသွေးမှု အငွေ့အသက်ပင် ပါပေသေး၏။

ရှဲ့ချောင်သည် အချိန်တစ်ခုခန့် ရပ်လိုက်ကာ အနည်းငယ်မျှ စိတ်လျှော့ချပြီးနောက် ဖြည်းညင်းစွာပြောလိုက်၏။ “ ငါကိုယ့်ဟာကိုယ် မလုပ်နိုင်သရွေ့  လှူဒါန်းမှုတွေကို စုဆောင်းဖို့ ငါတို့အားလုံး တာဝန်ပေးခံရမယ်ဆိုတာ သေချာတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကို သယ်ပေးဖို့ နင်တို့တွေ ကူရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား? “

“ အဲ့တာတော့ အဲ့တာပေါ့၊ ဒါပေမယ့်…” ဖန်းမုရွှယ် အတော်လေး နေရခက်သလို ခံစားရလေသည်။ “ အဲ့တာက လှူဒါန်းမှုက အတော်လေး များပါတယ်။ ပြီးတော့ နောက်ထပ်လှူဒါန်းမှုကို တင်ပြဖို့ ငါတို့မှာ တစ်လတည်းကျန်တော့တာ။ သစ်ခွခြံဝင်းက ငါတို့တစ်ယောက်ချင်းစီက ငွေပဲစေ့ ၅၀၀ စီ ပြင်ဆင်ရမှာ “

၅၀၀?

ထိုသည်မှာ အမှန်တကယ်ပင် အတော်များပေသည်။

ဤလူများမှာ ငွေစကိုသုံး၍ ငွေပဲစေ့များ ဝယ်၍ရနိုင်သည်ဟု ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းတော်၌ ဤကဲ့သို့ စည်းမျဥ်းတစ်ခုရှိနေရာ မိသားစုများမှ လျော်ကြေးပေးလျှင်ပင် သုံးရနိုင်သော ငွေစပမာဏမှာ ငွေပဲစေ့တန်ဖိုးထက်ပင် မြင့်မားနေနိုင်လေသည်။

သဘာဝကျစွာပင် ထိုအရာမှာ တစ်စုံတစ်ယောက်၏ ဂုဏ်သတင်းကို ဖျက်ဆီးနိုင်သောကြောင့် အဓိကဖြစ်လေသည်။

တစ်ယောက်ယောက်သာ ငွေပဲစေ့များအား မပေးခဲ့လျှင် ဒါမှမဟုတ် ၎င်းတို့၏ မိသားစုများအား လျော်ခိုင်းခဲ့ပါက ပမာဏသည် အခြားကျောင်းသားများဆီသို့ တာဝန်ကျသွားလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သစ်ခွခြံဝင်း၏ ခြုံငုံအဆင့်အား သက်ရောက်နိုင်သည်ဖြစ်၏။

“ သတိပေးတဲ့အတွက် ကျေးဇူးပါ မိန်းကလေးရှဲ့ ။ ငါကိုယ့်ဟာကိုယ် နည်းလမ်းတစ်ခု စဥ်းစားကြည့်လိုက်ပါ့မယ် “ ရှဲ့ချောင် ပြောလိုက်၏။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now