Chapter 161-165

712 71 2
                                    

Unicode

၁၆၁။ သူ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ?

ယွမ်ရုန်သည်  ရှဲ့ဖင်းဟွိုက်ပြောသည်အား ချက်ချင်းမလုပ်ခဲ့ချေ။ ဤကိစ္စကို လုသခင်မဆီသို့ တင်ပြရန် အရင်ဦးဆုံး သွားခဲ့‌လေသည်။

ဤသည်မှာ ထူးဆန်းသည်ဟု လုသခင်မ တွေးလိုက်မိ၏။

ရှဲ့ဖင်းဟွိုက် မနက်က ထွက်သွားတုန်းကတောင် ဖေဝမ်ယွဲ့ကို ဒုတိယအစ်မလို့ ခေါ်နေခဲ့သေးတာကို အခု ဘာလို့ သူ့ရဲ့နာမည် အပြည့်အစုံကို ခေါ်နေရတာလဲ?

ထိုအခိုက်အတန့်တွင် သူမသမီးအတွက် စိတ်မကောင်းဖြစ်သွားမိခဲ့သည်။ သူမသည် ဤမိသားစုသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း သူမ၏ မျိုးရိုးနာမည်မှာ ကွဲပြားနေဆဲဖြစ်၏။ ဤမိသားစုမှ ကလေးများသည် ၎င်းတို့စိတ်အလိုမကျသည့်အခါတိုင်း သူမကို မာရေကျောရေနှင့် ပြောဆိုကြလေသည်။

ယွဲ့အာ စိတ်တိုနေသည်မှာ အံ့ဩစရာမရှိတော့ချေ။

လုသခင်မသည် တွေးဆကာပြောလိုက်၏။ " ကျောင်းက နောက်နာရီနည်းနည်းလောက်ဆိုရင် ပြီးတော့မှာ။ ယွဲ့အာ အိမ်ပြန်လာတဲ့အထိ စောင့်ကြတာပေါ့။ အင်း တစ်ယောက်ယောက်ကို ဈေးသွားပြီး ပုရစ်တစ်စုံဝယ်ဖို့ ခိုင်းလိုက်။ အဲ့ဒါက သူ အကြိုက်ဆုံးကစားနည်းပဲ။ သူ မပျော်ဘူးဆိုရင် အချိန်ကုန်ဖို့အတွက် သူတို့နဲ့ကစားလို့ရတာပေါ့ "

ယွဲ့အာအပေါ် စိတ်ထွက်ပေါက်ရှာရသည်အထိ ရှဲ့ဖင်းဟွိုက် ဘာဖြစ်ခဲ့သနည်းဆိုသည်ကို သူမ သိချင်သွားသည်။

လုသခင်မ စိတ်မကောင်းဖြစ်စွာနှင့် သူမဗိုက်ကို ပွတ်သပ်လိုက်သည်။ သူမသာ သား‌ဖြစ်စေ၊ သမီးဖြစ်စေ ကိစ္စမရှိပဲ ကလေးတစ်ယောက်မွေးနိုင်ခဲ့လျှင် သူမ မိသားစုထဲတွင် ပြောရေးဆိုခွင့်များရှိနိုင်လေမည်လား…

ရှဲ့ဖင်းဟွိုက်သည် အထိန်းတော်မှ ဖေဝမ်ယွဲ့အား အိမ်သို့ပြန်ခေါ်လာရန်သွားပြီဟု ထင်ခဲ့သည်။ သို့သော် အချိန်‌အတော်ကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ သူ၏ခြံဝင်းဆီသို့ ပုရစ်တစ်စုံ ပို့ဆောင်လာ‌ခဲ့လေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now