Chapter : 23 (ဥပဒေနှင့်ဆန့်ကျင်သော တစ်စုံတစ်ခု)
သခင်မလုသည် အံ့ဩမှုလုံးဝ မရှိစွာဖြင့် ပြောလိုက်သည်။
"နန်းမြို့တော်ကို ရောက်ရင် သူမကို သမီး ဦးလေးရှဲ့ ထိန်းသိမ်းကြပ်မတ်ပေးလိမ့်မယ် အမေက သူမရဲ့ မိထွေးပဲလေ အဲ့တာကြောင့် အများကြီးပြောလို့မရဘူး""အမေ ရှဲ့ချောင်က အမေ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး" ဖေဝမ်ယွဲ့ သည် ရယ်မောကာ သခင်မလု၏ ဘေးသို့ တိုးဝှေ့ကာဖက်လိုက်သည်။
"ဦးလေးရှဲ့က အရင်က ဇနီး ၂ ယောက်ကို လက်ထပ်ခဲ့ပေမဲ့ ပထမဇနီးက ရုပ်ဆိုးအကျည်းတန်တဲ့ ဓားပြ ၊ ဒုတိယ ဇနီးကျတော့ တောင်ပေါ်ခံတပ်က ဖြစ်နေတယ် ဇနီး ၂ ယောက်လုံးမှာ ကောင်းမွန်တဲ့ မိသားစု နောက်ခံတွေကလည်း မရှိဘူး သူတို့က မေမေ့ ကို ဘယ်လို ယှဉ်နိုင်မှာလဲ? မေမေ က ကောင်းတဲ့ မိသားစုက လာပြီး ဦးလေးရှဲ့ အတွက် ကလေးတစ်ယောက် ကို ပြုစုပျိုးထောင်ပေးခဲ့တယ် ရှဲ့မိသားစုဝင် ကလေးတွေက မေမေ့ကို ကျေးဇူးတောင်တင်သင့်သေးတယ်"
သခင်မလု သက်ပြင်းချလိုက်သည်။
ထိုစကားလုံးများသည် သူမအား နှစ်သိမ့်မှု ပေး၏။
'သူမသည် ရှဲ့မိသားစုအတွက် သားသမီး တစ်ယောက်မှ မမွေးဖွားပေးခဲ့သော်လည်း အရင် ဇနီးများ၏ ကလေးများကို တကယ်ကို ပျိုးထောင်ပေးခဲ့တယ်!'
"အခု အမေက အိမ်ရဲ့အဝေးမှာ ဖြစ်နေပြီး ဒီမြို့ကလူတွေအားလုံးက နှိပ်စက်နေကြတယ် နန်းမြို့တော်ကို ပြန်ရောက်သွားရင်တော့ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်" သခင်မလုသည် ခဏတာ တွေး၍ ပြောလိုက်သည်။
"အမေ မောင်နှမအငယ်လေးတွေကရော…သူတို့က အမေနဲ့ ရင်းနှီးလား?" ဖေဝမ်ယွဲ့က မေးလိုက်သည်။
သခင်မလုသည် ပြုံးလိုက်၏။
"သမီး အကိုကြီးအတွက်တော့ အမေ မပြောနိုင်ဘူး သူရဲ့ စိတ်က ထူးဆန်းတယ် ပြီးတော့ သူက စကားစမြည်လောက်ထက် ပိုပြီးမပြောဘူး ဒါပေမဲ့ သူက အမေ့ကို အမြဲတမ်း ရိုသေသမှုနဲ့ ဆက်ဆံပါတယ်" သခင်မလုသည် ခဏကြာ တွေး၍ "အမေ့မှာ တစ်ခြား ကလေး နှစ်ယောက်လည်း ရှိတယ် ပြီးတော့ သူတို့ကို စောင့်ရှောက်လာတာ ငါးနှစ်ရှိပြီဆိုတော့ သူတို့က အမေ့ကို သူတို့ရဲ့ မိခင်အရင်းလို ဆက်ဆံကြတာ ပုံမှန်ပါပဲ"
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed