Chapter 133

464 59 1
                                    

Unicode
၁၃၃။ ဟာသ

ရှဲ့ချောင် သူမမောင်လေးအား ကြည့်လိုက်၏။ သူမလက်ထဲမှ စာချုပ်အား သိမ်းထားလိုက်စဉ်တွင် သူမ၏ မျက်လုံးများ၌ ပြုံးရိပ်ထင်နေလေသည်။

" မင်းဒီနေ့ကစပြီးတော့ ရှောင်းယွီရုန်ဆီကို သွားရမယ်။ မင်းသူ့ကို ဖက်တွယ်တာဖြစ်ဖြစ် တွန်းအားပေးတာပဲ ဖြစ်ဖြစ်၊ သူမင်းကို သူ့ရဲ့ တပည့်အဖြစ် ခေါ်ယူဖို့ ဆန္ဒရှိနေသရွေ့ ဒီစာချုပ်က အကျုံးမဝင်ဘူး။ မင်း အဲဒါကို လုပ်ဖို့ ကျရှုံးတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အများဆုံးမှ…အစ်ကိုကြီးနဲ့ ငါ့မှာ မောင်တစ်ယောက် လျော့သွားရုံပေါ့။ ဘာမှမဖြစ်ပါဘူး" ရှဲ့ချောင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

" အစ်မတို့က ကျွန်တော့်ကို အနိုင့်ကျင့်နေကြတာပဲ!" ရှဲ့ဖင်းဟွိုက် ဒေါသထွက်သွားခဲ့၏။

ဒါ အစ်ကိုအကြီးဆုံးနဲ့ အစ်မအကြီးဆုံး လုပ်သင့်တဲ့ပုံလား? သူတို့က သူ့ကို သတ်နေကြတာဘဲ!

" ဟုတ်တယ်၊ အမှန်ပဲ။ ငါတို့ မင်းကို အနိုင်ကျင့်နေကြတာ၊ တောင်းပန်ပါတယ်" ရှဲ့ချောင်သည် ခေါင်းဖွဖွညိတ်ကာ ရှဲ့ဖင်းဟွိုက်အား အပြစ်ရှိစိတ်နှင့် ကြည့်လိုက်သည်။

ရှဲ့ဖင်းဟွိုက် တုန်ယင်ကာ စိတ်ဆိုးနေလေသည်။

“ ဘယ်- ဘယ်လိုလုပ်ပြီး အစ်မက အစ်ကိုကြီးထက်ပိုပြီး ဆိုးရွားနိုင်ရတာလဲ?"  ရှဲ့ဖင်းဟွိုက် မယုံကြည်နိုင် ဖြစ်နေလေ၏။ “ ကျွန်တော် အစ်မကို တကယ်သဘောကျခဲ့တာလေ!”

“ ဒါဆိုရင် မင်းဆိုလိုတာက…မင်း အခု ငါ့ကို သဘောမကျတော့ဘူးပေါ့?!” ရှဲ့ချောင် သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏ ရင်ဘတ်ကို ဖိအုပ်လိုက်ကာ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူမ၏ ပုံစံမှာ ထိခိုက်နာကျင်သွားသကဲ့သို့ သူမမျက်နှာမှာ ဖြူ‌ဖျော့နေ‌လေသည်။ ကြည့်ရသည်မှာ ထိတ်လန့်စရာပင်။

“ မင်းဒီလိုမျိုးတွေးတာက…ကောင်းတာပေါ့" ရှဲ့ချောင်၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ရှိနေခဲ့သည်။ “ မင်းကတိပေးခဲ့သလိုမျိုး လုပ်တာ ကောင်းတယ်။ မင်းကို ကောင်းပေးနေစရာ မလိုတော့ဘူး"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now