Chapter 100

801 85 0
                                    

၁၀၀။ သူ့ကို မထိချင်ပါဘူး

လူအများစုဟာပြုံးတဲ့အခါသဘာဝကျကြသည်။ သို့သော် ဒီကိုယ်ရံတော်အများစုမှာအေးစက်ပြီးယောက်ျားဆန်တဲ့မျက်နှာများ ရှိကြသည်။ သူတို့ပြုံးတာက ငိုတာထက်ပင် ပိုကြည့်ရဆိုးနေ၏။ သူတို့မျက်နှာများမှာ ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။

ရှဲ့ချောင်အတွက်ဆိုရင်သူတို့က သူမဖန်တီးထားတဲ့ဒေတာဘေ့စ်ကဗိုင်းရပ်စ်တစ်ခုရဲ့တိုက်ခိုက်တာခံခဲ့လိုက်ရပြီးနောက် ပြိုလဲသွားသည့်ပုံလိုမျိုးပင်။
[TN/မေ့နေကြမှာဆိုးလို့description မှာပါပါတယ် ရှဲ့ချောင်က ကလေးဘဝထဲက 21ရာစုကနေဝိဥာဥ်ကူးပြောင်းလာတာပါနော်]

"မပြုံးကြပါနဲ့။” ရှဲ့ချောင်၊မျက်‌မှောင် အနည်းငယ်ကြုံ့ကာ ပြောလိုက်သည်။

ကျိုးဝေ့ကျုံးနဲ့ကျန်တဲ့လူများမှာ ချက်ချင်း ပြုံးနေတာကို ရပ်လိုက်ကြသည်။ "အမတအရှင် တစ်ခုခုကိုမြင်လိုက်လို့လား။ မကောင်းဆိုးဝါး ဝိဥာဥ်က ထူးဆန်းတဲ့ စွဲလမ်းမှုမျိုး ရှိနေတာလား”

စဥ်းစားကြည့်လိုက်ရင်၊ ချင်းကျီက အုပ်စုထဲမှာ အများဆုံး ပြုံးလေ့ရှိသူပဲ......

"မဟုတ်ဘူး၊ရှင်တို့ ပြုံးလိုက်ရင်ရုပ်ဆိုးလွန်းလို့။ ရှင်တို့ရဲ့ အရိုးတွေနဲ့မလိုက်ဖက်ဘူး။  ဒါမျိုးကို အကြာကြီးလုပ်နေမယ်ဆိုရင်အရေးအကြောင်းတွေဖြစ်လာလိမ့်ပြီး ရှင်တို့ရဲ့ ကံကြမ္မာကပြောင်းလဲသွားလိမ့်မယ်။"ရှဲ့ချောင် လေးလေးနက်နက်နှင့် သက်ပြင်းချလိုက်သည်။

ကျို့ဝေ့ကျုံးတစ်ယောက် မျက်ခွံ‌လှုပ်သွားခဲ့ရသည်။

သူမကိုဒီနေရာဆီ ဖိတ်ခဲ့တာက သူကိုယ်တိုင် မဟုတ်ခဲ့ဘူးဆိုရင် သူလူလိမ်တစ်ယောက်နဲ့ဆုံခဲ့မိတယ်လို့သံသယဝင်မိလိမ့်မည်။ သူမက အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့ ပြည့်နေတာပဲ။

"အမတအရှင် ရှဲ့ ၊ ချင်းကျီ မှာတကယ်ပဲ တစ်ခုခုရှိနေတာလား။" ကျို့ဝေ့ကျုံး မေးလိုက်၏။

ကျန်တဲ့လူတွေက သူမကိုသိချင်စိတ်နဲ့ကြည့်နေကြသည်။

ရွှေယွဲ့တာအို ဘုရားကျောင်းမှာတုန်းက  ချင်းကျီ ဆီမှာတစ်ခုခုရှိနေ တယ်လို့ပြောခဲ့ပေမဲ့ သူတို့မမြင်နိုင်ခဲ့တာကြောင့် နည်းနည်းသံသယဝင်ခဲ့သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now