Chapter-12

1.3K 145 0
                                    

【Unicode】

အခန်း - (၁၂)
[အခြားသူတွေ ဘာတွေးနေလဲဆိုတာ မင်းဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး]

ကျောက်ရွှမ်ကျင်းလည်း သဘောတူခဲ့လေသည်။

လူလိမ်တစ်ယောက်ကနေ အမတအရှင်တစ်ယောက်? ရှဲ့ချောင်မှာဒါကို နေသားကျနေခဲ့ပြီးဖြစ်သည်။

နန်းတွင်းကိုယ်ရံတော်ကျို့သည် သူမကို ခွင့်တောင်းရန် ကိုယ်တိုင်ကိုယ်ကျလာခဲ့ကာ သူ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။ " အမတအရှင် ကျွန်တော်တို့ရဲ့သခင်လေးက အသင်နဲ့စကားပြောချင်နေပါတယ်..."

ချင်းကျီတစ်ယောက် ဇဝေဇဝါဖြစ်သွားခဲ့သည်။ " ကျို့လူကြီးမင်း? ခင်ဗျားက ဘာလို့သူ့ကို အမတအရှင်လို့ ခေါ်နေတာလဲ? ကျွန်တော်တို့ သူ့ကို ရာဇဝတ်ရုံးတော်ကို ခေါ်သွားရမှာ မဟုတ်ဘူးလား? "

ကျေးဇူးပြုပြီး သူ့ကို မခြောက်ကြပါနဲ့!

ဒီပုဂ္ဂိုလ်က သူ့ရဲ့ကံကြမ္မာကို ဖတ်ခဲ့တာလေ။ပထမဆုံးအနေနဲ့ သူမက သူဟာ သူ့အဖေရဲ့ သားအရင်းမဟုတ်ဘူးဆိုပြီး ပြောတယ်။ ဒုတိယတစ်ခု သူမ ပြောခဲ့တာက သူ့မှာ သားတစ်ယောက် ဘယ်တော့မှ ရှိလာနိုင်မှာမဟုတ်ဘူးတဲ့။ တတိယမြောက်အနေနဲ့ သူကရေတွင်းတစ်ခုထဲပြုတ်ကျပြီး သေဆုံးရလိမ့်မယ်လို့တောင် သူမကပြောခဲ့တာ။

သူ့ရဲ့ကံကြမ္မာက ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်လဲဆိုတာကို ဖော်ပြနိုင်တဲ့စကားလုံးတောင် မရှိတော့ဘူး။

အကယ်လို့ သူမသာ အမတအရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒါကသူ့ကိုဘာဖြစ်သွားစေမှာလဲ?

ချင်းကျီက မူးဝေလို့နေခဲ့သည်။ သို့သော် ရှဲ့ချောင်မှာ ရုတ်တရက် သူမခေါင်းကိုကိုင်လိုက်ပြီး " ခေါင်းကိုက်တယ်။ ဆက်မလျှောက်နိုင်တော့ဘူး။ ကျွန်မအနားယူဖို့လိုနေလို့ပါ "

နန်းတွင်းကိုယ်ရံတော်ကျို့ဟာ သူ့ရဲ့မျက်ခမ်းများလှုပ်လာသလိုခံစားရပြီး တိတ်ဆိတ်သွားခဲ့သည်။

ဒါက သူမ၏ဆင်ခြေဆင်လက်များဖြစ်လိမ့်မည်ဟု သူခံစားရသည်။ အရင်နေ့က သူတို့ရဲ့ ပျူငှာမှုမရှိတဲ့အပြုအမူတွေနှင့် ပတ်သက်လို့ သူမက မကျေနပ်တာ ဖြစ်နိုင်တယ်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now