Chapter 121-125

738 78 6
                                    

Unicode

၁၂၁။ တစ်ဖက်သတ်ခံစားချက်

ကျောက်ရွှမ်ကျင်း မြင်းကို ကြည့်လေ ထူးဆန်းသည်ဟု တွေးမိလေပင်။

မုန့်ကျိဖန်သည် အိမ်ရှေ့မင်းသားအား ကြည့်လိုက်ကာ ခေါင်းငုံ့ပြီး စိတ်မပါစွာ လက်ကိုယှက်၍ အရိုအသေပေးရင်း ပြောလိုက်သည်။ “ ဒီတိရစ္ဆာန်တွေက ရှဲ့ချောင်စကားကို နားထောင်ကြတယ်။ ကျွန်တော် ပြောရဲတယ်။ အရှင့်သား အရင်က ဒီလိုမျိုး တစ်ခါမှ မြင်ဖူးမှာ မဟုတ်လောက်ဘူး၊ ဟုတ်တယ်မလား?”

သူသည် အတော်လေး ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။  “ ရှဲ့မိန်းကလေးက အခုပဲ ကျွန်တော်နဲ့ မိတ်ဆွေဖြစ်သွားတာ။ အမြဲ တစ်ယောက်တည်းဖြစ်နေတဲ့ အရှင့်သားနဲ့ ယှဥ်ရင် ဒီလို အံ့ဩစရာ အရည်အချင်းတွေနဲ့ လူကို အရှင့်သား မတွေ့ဖူးတာ အဓိပ္ပာယ်ရှိပါတယ်”

ရှဲ့ချောင် မျက်မှောင်ကြုတ်၍ ထိုသူ့အား လေးနက်မှုအလုံးစုံဖြင့် ကြည့်လိုက်ကာ “ ကျွန်မတို့တွေ တစ်ယောက်ကိုတစ်ယောက် တကယ် ကောင်းကောင်းမသိကြသေးပါဘူး”

"....."

မုန့်ကျိဖန်မှာ ပြောစရာစကားမရှိဖြစ်သွားကာ သူ့မျက်နှာထက် ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ကျောက်ရွှမ်ကျင်း လှောင်ပြုံးပြုံးလိုက်၍ “ ကြည့်ရတာ ခံစားချက်က တစ်ဖက်သတ်ပဲ ထင်တယ်”

ထိုသည်မှာ ရှင်းလင်းချက် တစ်ခုပင်။

မုန့်ကျိဖန် သရော်သလိုဖြင့် သူ့ရင်ဘတ်အား အနည်းငယ်ကာလိုက်၏။  “ ရှဲ့မိန်းကလေး ငါတို့ ဒီမှာ အတူတူ အလုပ်လုပ်နေတာ နေ့တစ်ဝက်ရှိပြီကို ငါတို့ တစ်ယောက်နဲ့တစ်ယောက် တကယ် မသိကြဘူးလို့ ပြောနေတယ်ပေါ့? ငါက ပါရမီထူးပြီး ဩဇာတိက္ကမနဲ့ ပြည့်စုံလို့ လူတွေက မင်းကို အထင်လွဲပြီး ပြဿနာရှာနိုင်ကြတာကို သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ ဆက်ဆံရေးကို ဒီလိုမျိုး ဖြတ်တောက်ပစ်ဖို့တော့ မလိုပါဘူး”

မုန့်ကျိဖန်အား ကြည့်လိုက်ချိန် ရှဲ့ချောင်၏ မျက်ဝန်းများ၌ ရောထွေးနေသော ခံစားချက်များဖြင့် သစ္စာဖောက်နေလေသည်။ 

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now