၁၃၀။ စကားကတိတည်တဲ့ ကလေးလိမ္မာလေး
ရှဲ့ချောင် မည်သူ့ကိုမှ ကြောက်အောင် မခြောက်လန့်ချင်ပေ။ ချန်းထုံသည် ဆိုင်စောင့်မည့်သူ ဖြစ်သဖြင့် တစ်စုံတစ်ခုအား အာရုံခံမိပေလိမ့်မည်မှာ မလွဲဧကန်ပင်။
သူ့ကို အဆင်သင့်ပြင်ဆင်ထားစေခြင်းက သူ့ကို ကြောက်လန့်စေသည်ထက် ပိုကောင်းလေသည်။
“ ပြီးတော့ ရှင့်မိသားစုမှာ တခြား ဘယ်သူရှိသေးလဲ? တကယ်လို့…မတော်တဆဖြစ်ရင် အဲ့အတွက် လျော်ကြေးငွေစ ဘယ်လောက်ဆို သင့်လျော်မယ်ထင်လဲ?” ရှဲ့ချောင်က ထပ်ပြောလိုက်သည်။
ချန်းထုံ၏ မျက်ခွံများ ဆတ်ခနဲ တွန့်သွားသည်။
သူ ဒီနေရာမှာ ဆိုင်စောင့်ပေးမယ့်သူ လုပ်ပေးရုံ လာတာမဟုတ်ဘူးလား?
ရှဲ့ချောင် ထုတ်ပြောရုံမှတစ်ပါး မတတ်နိုင်ပေ။ သူမနှင့်အတူ သယ်လာသော အဆောင်များထဲမှ တစ်ခုကို ထုတ်ပြီး ကမ်းပေးလိုက်သည်။ “ ရှင် ဘယ်သွားသွား ဒီဟာကို ယူသွားပါ။ ကျွန်မတို့ ဒီမှာ ရောင်းတာတွေနဲ့ အကျိုးသက်ရောက်မှုအာနိသင် ကွာတယ်။ ဒါက ပိုကောင်းတယ်”
ချန်းထုံ၏ မျက်ခွံများ တဆတ်ဆတ် တွန့်လှုပ်သွား၏။
သူမသည် အမှန်ပင် ပညာရှင်တစ်ဦးဖြစ်လေသည်_သူမရဲ့ ကြိုဆိုလက်ဆောင်က ကွဲပြားနေရင်တောင်မှပေါ့။
သေမျိုးများသည် ငွေစ ပေးသည်အား ကြိုက်နှစ်သက်ကြ၏။
ကံကောင်းစွာပင် သူသည် လောဘကြီးသောသူ မဟုတ်ပေ။ ထိုအချိန်တွင် သူသည် ထိုအရာအား ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်လေသည်။
“ ကျွန်မတို့ဆိုင်ကို သုံးရက်အတွင်း ဖွင့်မှာ။ ဆိုင်ဖွင့်ရင် ကျွန်မ လာခဲ့မယ်။ ငွေစာရင်းထဲမှာ ကျွန်မ ငွေစတစ်ချို့ ထားခဲ့တယ်။ အဲဒါတွေကို ရှင် ဆိုင်ထဲမှာ ဂရုစိုက်ရလိမ့်မယ်။ အိုး ကျွန်မတို့ဆိုင်က ဝိဥာဥ်ဖမ်းတဲ့ အလုပ်လည်း လုပ်တယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ညစ်ညမ်းဆိုးရွားတာတစ်ခုခုမြင်ရရင် ကျေးဇူးပြုပြီး ကျွန်မဆီ ခိုတစ်ကောင် ပို့လိုက်ပါ”
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed