Chapter 97

636 68 0
                                    

၉၇။ သူက ရှင့်ကို မလှည့်စားခဲ့ဘူး

ရှဲ့ချောင်ကအမြန်မလျှောက်ဘဲခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်ခဏလောက်အနားယူခဲ့သည်။ သူမ အခန်းကနေ အိမ်ရှေ့စံမင်းသားရဲ့အရှေ့ဘက်ခြံဝန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။

အရမ်း ဝေးတယ်လို့မထင်ရသော်လည်း ထိုနေရာကိုရောက်ဖို့နှစ်နာရီကျော်ကြာခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် နေရာတွင်အတော်ကြာကြာစောင့်နေခဲ့သည်။

"မိန်းကလေးရှဲ့ တကယ်နိုးလာပြီလား။" ကျောက်ရွှမ်းကျင်း မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

"ဟုတ်ကဲ့, အစောကတည်းကပါ ..." နန်းတွင်းသက်တော်စောင့်ကျိုးလည်းစိတ်ရှုပ်နေခဲ့သည်။ အိမ်ရှေ့စံမင်းသားရဲ့သတင်းစကားကရောက်သင့်တာ ကြာနေပြီ။  သူမ ဘာလို့ ဒီကိုမရောက်သေးတာလဲ။

အိမ်ရှေ့စံမင်းသားကို ကြည့်ရတာ အေးစက်နေပုံရတာကြောင့်  သူ အပြင်ကို ထွက်သွားဖို့ ခြေလှမ်းလိုက်သည်။

ရှဲ့ချောင်က ဝါးတောထဲတွင်ရှိနေခဲ့၏?

၎င်းသည်ချောက်ချားစရာကောင်းသည့် တောအုပ်ကြီးတစ်ခု ဖြစ်ပြီး။လေတစ်ချက်တိုက်ခတ်တိုင်း ကျယ်လောင်သည့်ဆူညံသံများ ကြားရသည်။

ရုတ်တရက် အရိပ်တစ်ခုက ရှဲ့‌ချောင်ရဲ့ မျက်လုံးထဲ ဖြတ်သွားခဲ့သည်။

သူမ မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းတော်သည် ကြီးမားသောကြောင့် ဝါးတောထဲတွင်  မကောင်းဆိုးဝါးဝိဥာဥ်များရှိလောက်သည်ဟု သူမ မှန်းဆ ထားခဲ့သည်။

ဒါက.......စိတ်တိုစရာကောင်းတာပဲ။

သူမမလာသင့်ခဲ့ဘူး။

ဒါကြီးက အရမ်း စိတ်တိုစရာကောင်းလွန်းတယ်။

ဒီနေ့၊သူမမှာမကောင်းဆိုးဝါးဝိဥာဥ်တွေကိုနှိမ်နင်းဖို့အစွမ်းမရှိတော့တာကြောင့် သူမရဲ့ကိုယ်ပေါ်မှာ အဆောင်တစ်ခုကို သာ ကပ်လိုက်သည်။ ၎င်းသည် ရှုပ်ထွေးသော အဆောင်တစ်ခုဖြစ်၏။ အစကတော့ နောင်အနာဂတ်အတွက် သိမ်းထားချင်ခဲ့သည်။ အကြောင်းမှာ အဆောင်တစ်ခု ရေးဆွဲရတာက ခက်တာကြောင့်ပင်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now