Chapter 85

829 87 0
                                    

၈၅။ (ရှားပါးရတနာ)

ရှဲ့ရှီအား ပြုံးပြလိုက်သည်နှင့် ရှဲ့ချောင်၏ မျက်ဝန်းများသည် နူးညံ့လာခဲ့သည်။

မမျှော်လင့်စွာပင် ရှဲ့ရှီသည် ခေါင်းငုံ့လိုက်ကာ နူးညံ့စွာ ပြောလိုက်၏။ “ မမ ညီမလေးကို…ငွေပဲစေ့ ၁၀ခုတော့ ပြန်ပေးရလိမ့်မယ် “

ရှဲ့ချောင် ပြောစရာမရှိဖြစ်သွားကာ သူမ၏ မျက်ခွံများ လှုပ်သွားလေ၏။ သူမ နားကြားမှားသည်ဟုတောင် တွေးမိတော့မလိုပင်။

“ ငွေစ…ပြန်ပေးလည်း ရပါတယ် “ ရှဲ့ရှီ ထပ်ဖြည့်ပြောလိုက်၏။

ရုတ်ချည်းပင် ကိုယ်တွင်း၌ အေးစက်မှုကို ရှဲ့ချောင် ခံစားလိုက်ရသည်။ သူမ၏ ညီမမှာ နွေးထွေးကာ ချိုမြိန်သည့်သူလေးဟူသော အထင်ကြီးမှုအောက်သို့ သူမရောက်ရှိသွားခဲ့တာဖြစ်သည်။ သူမသည် လှည့်စားတတ်သော လူပေါက်စလေးတစ်ယောက်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပေ။

“ ဒါပေါ့ မမညီမလေးကို သေချာပေါက် ပြန်ပေးမှာပါ “ ရှဲ့ချောင် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ “ မမ ကြားတာတော့ ငွေပဲစေ့တွေကိုရဖို့က ခက်တယ်တဲ့။ မင်းအတွက်တော့ သေချာပေါက်ကို လွယ်သလိုပဲနော် ဟုတ်လား? “

“ ဒါက မခက်ပါဘူး။ မဟုတ်ဘူးလား? “ ရှဲ့ရှီ ခေါင်းမော့ကာ သူမအား ကြည့်လိုက်သည်။ ရှဲ့ရှီ၏ မျက်ဝန်းများမှာ သူမ၏ စိတ်ရှုပ်ထွေးမှုအား သစ္စာဖောက်နေလေသည်။

ရှဲ့ချောင် ကြက်သေသေသွားခဲ့သည်။ သစ်ခွခြံဝင်းမှ လူများသည် မတူညီသည့်အရာအမျိုးမျိုး ပြောခဲ့ကြသည်။ သူမ ရုတ်တရက်မေးလိုက်၏။ “ မင်း ဒီငွေပဲစေ့တွေကို ဘယ်လိုရလာတာလဲ? “

တွေးနေသည်နှင့်အမျှ ရှဲ့ရှီသည် သူမ၏ ဖြူစင်သောမျက်ဝန်းများအား ပေကလတ် ပေကလတ်လုပ်နေပေသည်။ “ ညီမလေး တောက်တိုမယ်ရတွေ လုပ်တယ်၊ ပစ္စည်းတွေ ဝယ်ပေးတယ်၊ မှင်သွေးပေးတယ်၊ စားပွဲတွေနဲ့ ထိုင်ခုံတွေ ဖုန်သုတ်ပေးတယ်။ အဲ့ဒီလိုလုပ်ပြီး ရလာတာပဲ “

ရှဲ့ရှီ၏ အဖြေမှာ ရှဲ့ချောင်အား ဉာဏ်အလင်းပွင့်သွားစေလေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now