Chapter 99

347 53 0
                                    

၉၉။ ရှင့် အပေါ် မူတည်တယ်။

တကယ်တော့ ရှဲ့ချောင် အရာတိုင်းကိုနည်းနည်းစီသိသည်။ ဗုဒ္ဓဘာသာအပြင် လူထု အကြား နာမည်ကြီးနေတဲ့ ကြာပန်းဖြူမှစာပိုဒ်တချို့ကိုပင်သိသေးသည်။

"မင်းရဲ့ဝင်ခွင့်စာမေးပွဲအတွက်သက္ကတ ဘာသာရေးခဲ့တယ်လို့ကြားတယ်"ကျောက်ရွှမ်ကျင်း ကတည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"အဲဒါ ကျွန်မပဲလေ ဆန့်ကျင်ဘက်ဘာသာရပ်မှာ ကျွမ်းကျင်နေတာ၊ အရှင့်သားက ရည်ရွယ်ချက်ရှိရှိလုပ်နေပေမဲ့လို့ပေါ့၊ အဓိပ္ပာယ်က မတူဘူးလေ”   ရှဲ့ချောင် ကစိတ်မချမ်းမသာဖြစ်သည့်ဟန်နှင့် ပြောလိုက်သည်။ သူမ ဖြည်းဖြည်းချင်း ထပ်ပြောလိုက်၏။   "ရှင်ကအာမခံပေးသူဖြစ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်မ  ဒီလူကိုကယ်မှာမဟုတ်ဘူး။ ဝိဉာဉ်တွေကိုဆင့်ခေါ်တာက လွယ်တယ်လို့ ထင်နေတာလား။အဲဒါက တကယ်ကို ပင်ပန်းတယ်။မဆင်မခြင်လုပ်မိရင် ကျွန်မဘဝကိုတောင်ထိခိုက်စေလောက်တယ်။”

ကျေက်ရွှမ်ကျင်း ရဲ့မျက်လုံးများမှာ အေးစက်လို့နေ၏  "မင်းက  အားနည်းနေတာကို အရမ်းကြီး လုပ်နေတာပဲ။ မင်းကိုယ့်သေလမ်းကိုယ် ရှာနေတာလို့ ကိုယ်ထင်မိတယ်။”

ရှဲ့ချောင် လှောင်ပြုံးပြုံးလိုက်သည်။

အရင် သူမကိုသူ"တောင်းပန်"ခဲ့တုန်းက၊သူ့သဘောထားမှာ လုံးဝကို ကွဲပြားခဲ့သည်။ သူမကို တစ်ချိန်လုံး ရှဲ့သခင်မလေးလို့ပဲ ခေါ်နေခဲ့ပြီး သူ့မျက်နှာက မြေကြီးထဲ မြုပ်လုနီးပါးပင်။

ရှဲ့ချောင် ခေါင်းငုံ့ကာ ညင်ညင်သာသာ ပြောလိုက်၏  "အရှင့်သားက ကျွန်မထက်တောင် သေလမ်းရှာတာ ပိုတော်ပါသေးတယ်”

နန်းတွင်းသက်တော်စောင့်ကျို့ခမျာ ခန္ဓာကိုယ်တောင့်တင်းသွားခဲ့ရသည်။

‘ မဟုတ်သေးပါဘူး, မင်းတို့ ရန်ဖြစ်တာ ရပ်လို့ မရဘူးလား။! အိမ်မှာ အသက်ကယ်ဖို့ လိုနေတဲ့ လူတစ်ယောက် ရှိနေတယ်လို့၊ မင်းတို့ စကားများနေမယ်ဆိုရင် , အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတော့မှာ!

"ဘာကိုဆိုလိုတာလဲ" ကျောက်ရွှမ်ကျင်းက အေးစက်စွာ ပြောလိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now