Chapter 16 [အမှန်တရားကိုဖော်ပြခြင်း]
သခင်မလု၏လက်ကောက်ဝတ်အား ဖေဝမ်ယွဲ့ လှုပ်ခါလိုက်မှသာ သခင်မလုစိတ်ထိန်းလိုက်ကာသက်ပြင်းချလိုက်သည်။
ထို့နောက်ခန့်မှန်းရခက်သောအကြည့်နှင့်ရှဲ့ချောင်ဆီသို့ လျှောက်သွားကာ
" ကောင်မစုတ်လေး ထွက်မပြေးနဲ့လို့ ပြောထားတာကို ဘာလို့ တစ်ညလုံး ပြန်မလာတာလဲ? ညည်းကို အရမ်းစိတ်ပူလို့ နေရာတိုင်းမှာလိုက်ရှာနေခဲ့တာ..ဒီနေရာမှာကလူလိမ်တွေနဲ့ပြည့်နေတာ ငါနဲ့ ညည်းညီမမှာ ပါသမျှပစ္စည်းတွေဆို အကုန်ပါကုန်ပြီ!"ရှဲ့ချောင် ငြိမ်သက်နေလေသည်။
"မေမေရယ် ရှဲ့ချောင်ကို အပြစ်မတင်ပါနဲ့ သူလည်း တမင်လုပ်တာ မဟုတ်လောက်ပါဘူး သူမပြန်လာလို့မရတဲ့ တစ်ခုခုဖြစ်ခဲ့လို့နေမှာပါ"
ထို့နောက်ဆက်ကာဖေဝမ်ယွဲ့ အမြန်ပြောလေ၏။
"မမပြန်ရောက်လာတာ ကောင်းပါတယ်.. ပစ္စည်းတွေပဲ ပျောက်ကုန်တာ လူတစ်ယောက်မှမထိခိုက်သွားလို့ တော်ပါသေးတယ်""မှန်တယ် ပြန်ရောက်လာတာပဲတော်ပါသေးတယ်။" ဟုပြောကာ ရှဲ့ချောင်၏လက်အား သခင်မလု လှမ်းကိုင်လိုက်သည်။
"လက်တွေဘာလို့အေးနေတာလဲ ထမင်းစားပြီးရင် အနားယူဖို့တည်းခိုခန်းကို မြန်မြန်ပြန်ရအောင် တစ်ရက်လောက်ပဲ အလွန်ဆုံးနေပြီး မနက်ဖြန်မနက်စောစောရောက်တာနဲ့ ချက်ချင်းထွက်ကြမယ်"
ရှဲ့ချောင်က သူမလက်အား ချက်ချင်းပြန်ဆွဲထုတ်လိုက်သည်။သူမသည် ပျော့ညံ့သောပုံရှိသော်ငြား သူ့မ၏လက်မောင်းများမှာ သေချာပေါက် သန်မာပေသည်။
သူမ လက်ထဲဗလာဖြစ်သွားသည်အား သခင်မလုကြည့်လိုက်ပြီး ထိုအခိုက်အတန့်မှာပင် သူမ၏နှလုံးသားထဲ၌ ဒေါသစိတ်များပြည့်နှက်လာ၏။
"မေမေ ဒီနေ့ ရှီးဖန်မြို့က ကျောက်စိမ်းလမ်းကို သွားခဲ့တယ် မဟုတ်လား"ပြောရင်း ရှဲ့ချောင်ရယ်မောလိုက်သည်။
သခင်မလုအံ့သြသွားကာ ချက်ချင်း ငြင်းဆိုလိုက်သည်။ "မဟုတ်တာ အဲဒီမှာ ဘာလုပ်ရမှာလဲ?"
"မေမေက သမီးကို လမ်းပေါ်လမ်းအောက် မြေလှန်ရှာနေတာကို အဲ့ဒီကျောက်စိမ်းဆံထိုးအသစ်ဝယ်ဖို့ အချိန်ရှိသေးတာလား" မေးပြီးနောက် ရှဲ့ချောင် မူမပျက် ငြိမ်သက်နေခဲ့သည်။
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed