Chapter 101-110

1K 86 0
                                    

၁၀၁။ မယူသင့်တဲ့ အရာတစ်ခုကို ယူခဲ့တယ်

အစပိုင်းတုန်းကတော့  ရှဲ့ချောင် မရှင်းပြချင်ခဲ့။ ဒါပေမဲ့ ဒီငတုံးအုပ်စုက ဘာမှမသိဘူးဆိုသည်အား တွေးမိပြီး  သူမကိုဆွဲချမှာစိုးရိမ်နေခဲ့သည်။

သူတို့ကို ပြောပြဖို့ သူမ အားနည်းနည်းစိုက်ထုတ်ခဲ့သည်။

ထိုလူများက တွေဝေစွာနှင့် ခေါင်းညိတ်လိုက်ကြသည်။

"ရှင်တို့တွေက တော်တော်များများ ဒီမှာရှိနေကြတာ။ အရှင့်သားကရော" ရှဲ့ချောင်က စကားစမြည်ပြောဖို့ကို စိတ်ပါနေဆဲပင်။

"အရှင့်သားဘေးမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ရှိပါတယ် "နန်းတွင်းသက်တော်စောင့်ကျို့က  ရှင်းပြလိုက်သည်။

ရှဲ့ချောင်က ခေါင်းညိတ်ကာ” သူနဲ့အတူ လူအများကြီးရှိတာ ကောင်းတယ်။ယန်စွမ်းအင်ကအားကောင်းနေတော့  ညှို့ယူတတ်တဲ့ မကောင်းဆိုးဝါးဝိဉာဉ်က အနားကပ်လာရင် ,  ရှင်တို့လို ဆွဲဆောင်မှုရှိတဲ့သူတွေ သူ့အနားမှာရှိနေတာကို မြင်ပြီး  သူ့ကို ရှာမှာ မဟုတ်တော့ဘူး။ အရှင့်သားဆီ ရောက်ဖို့ တန်းဆီနေရတာနဲ့တင် ပင်ပန်းသွားလောက်တယ်”

ထိုစကားကို ကြားလိုက်ရချိန် နန်းတွင်းသက်တော်စောင့်ကျို့ရဲ့ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။ သူ ပြောစရာစကား ပျောက်ဆုံးသွားလေပြီ။

"သူမဘာပြောလိုက်တာလဲ’

သူ ချက်ချင်း ပြောလိုက်၏။  "အမတ အရှင်ရှဲ့"

ရှဲ့ချောင် ကသူပြောလိုက်သည်နှင့် "ကျွန်မက ဒီအတိုင်းပြောလိုက်တာပါ၊ အတည် မယူပါနဲ့။ အရှင့်သားက အတော်လေး ကြည့်ကောင်းတော့ လူတိုင်းသူကို သဘောကျတာ အဓိပ္ပာယ်ရှိပါတယ်, သေသွားတဲ့လူပဲဖြစ်ဖြစ်, အသက်ရှင်နေတဲ့သူပဲဖြစ်ဖြစ်ပေါ့”

နန်းတွင်းသက်တော်စောင်ကျို့ခမျာ   အခုဆို ပိုတောင်ဆွံ့အ သွားရလေပြီ။

ထိုအချိန်  ရှဲ့ချောင်က အမွှေးနံ့သာပိုင်းလေးကို ထုတ်ယူလိုက်ကာ အမွှေးနံ့သာတိုင် ကိုးတိုင်နဲ့အလေးအနက်ဆုတောင်းကာ ကိုးကြိမ်ဦးညွတ်ခဲ့သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now