Chapter 21

1.2K 127 0
                                    

Chapter : 21 (ကောင်းချီးမင်္ဂလာမြေ)

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဥာဥ်၏ အရိုးကို တူးမိပြီးချိန်မှ စ၍ ထိုမကောင်းဆိုးဝါး ဝိဥာဥ်သည် တောထဲ၌ လွတ်လပ်စွာ လျှောက်သွားလို့ မရတော့ပေ။ သူမ သွားသည့်နောက်တောက်လျှောက်  လိုက်လာခဲ့သည်။

ထိုအချိန်က သူ့"ခန္ဓာကိုယ်" ကို တစုံတယောက်က စွန်းထင်းစေမိမှာကို စိုးရိမ်နေခဲ့သည်။ သူ့မျက်လုံးတွေက ငေးစိုက်ကြည့်နေခဲ့ပြီး သူ၏ ထိုင်းမှိုင်းနေသော မျက်နှာမှာ ကြောက်စရာကောင်းလွန်းနေခဲ့သည်။

ဖေဝမ်ယွဲ့ ထိုသူ၏ ထိုဘက်ခြမ်းကို မမြင်နိုင်သည်မှာ ဝမ်းနည်းစရာပင်။

မဟုတ်လျှင် သူမသည် သူ၏ ရန်လိုသည့် စိုက်ကြည့်နေမှုကို ခံစားမိမှာ သေချာသည်။

ဖေဝမ်ယွဲ့သည် သခင်မ လုအား သတိပေးလိုက်ပြီးနောက် အထုပ်အပိုးကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

အထုပ်​က အတော် ကြီးပြီး ကြည့်ရသည်မှာ အရာဝတ္ထုအမာများ ပါဝင်နေပုံရသည်။

လူအများက စောင့်ကြည့်နေကြသဖြင့် သူမ လူတွေကို အိတ် ဖွင့်ခိုင်းဖို့ တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် သူမ နူးညံ့စွာ ပြောလိုက်သည်။
“ ဘယ်လိုထူးဆန်းတဲ့ ပစ္စည်းမျိုးတွေ ရလာပါလိမ့်...​ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တော့ ထူးခြားတဲ့ စိတ်နဲ့ ထူးခြားတဲ့ ပစ္စည်းတွေ သုံးတတ်တာပဲ"

တီကောင်တွေကို လက်ဆောင်အနေဖြင့် ပေးသော လူများကို သူမ ပထမဆုံး မြင်ဖူးခြင်းပင်။

သူမ ပိုးကောင်ခြောက် အထုပ်ကို ကြည့်လိုက်ပြီးနောက် ကြက်ဖကြီးအတွက် အစာဖြစ်မည်ဟု သိလိုက်သည်။

ဖေဝမ်ယွဲ့  သက်ပြင်းချမိသည်။ သခင်မ လုနှင့်အတူ သူမပါ အခန်းထဲသို့ ဝင်လိုက်ကာအနည်းငယ် စိတ်မသက်မသာဖြင့် မေးလိုက်သည်။ “ အမေ၊ ဦးလေး ရှဲ့က သူမကို လက်ဆောင်တွေ ခဏခဏ ပို့ပေးနေတယ်မလား?”

“လက်ဆောင်တွေ ပို့တယ်?” သခင်မ လု ဆက်ခနဲ တွန့်သွားသည်။
“ ဟင့်အင်း၊ သူမအဖေက သူမကို လုံးဝ ဂရုမစိုက်ပါဘူး၊ အမေသူနဲ့ လက်ထပ်တော့ သူ့ကို မေးလိုက်သေးတယ်၊ သူ ရှဲ့ချောင်ကို လက်ဆောင်တွေ ပို့ပေးချင်လားလို့လေ၊ သူက မလိုဘူးလို့ ပြန်ပြောတယ်၊ ဒါပေမဲ့ သူမက အသက်ရှည်ရည် နေရမဲ့ ကံမပါတော့ နင့်ဦးလေးက ခုမှ သူမကို စိုးရိမ်လာပြီး ဂရုစိုက်လာတာ၊ ကိုယ့်ကလေးက ကိုယ့်ထက် စောစော သေတော့မယ်ဆိုတာ မြင်ရတော့ သူ့အတွက် နာကျင်ရတာပေါ့”

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now