Chapter 86

611 71 0
                                    

၈၆။ (ပြိုင်ပွဲ)

 ကျို့ဝေ့ကျုံးက  ရှဲ့ချောင်မူးမေ့လဲလွယ်တာကို  ကြည့်ပြီး သူမဘယ်လောက်တောင် အားနည်းတယ်ဆိုတာကို မျက်မြင်တွေ့လိုက်ရသည်။

 ပြောင်လက်နေသည့်ဓားကိုမြင်ပြီး မေ့လဲသွားသည့်အချိန်က သူမ၏သနားစဖွယ် မျက်နှာလေးကို သူမြင်ယောင်ကြည့်နိုင်သည်။ 

ကျို့ဝေ့ကျုံး နှလုံးသားကွဲကြေသွားသလို ခံစားလိုက်‌ရလေသည်။

သူ သူ့ရဲ့ သခင်လေးကိုကြည့်ဖို့ရာ မျက်လုံးအနည်းငယ်ပင့်လိုက်၏။ သူ့ပုံစံမှာ  အရာရာအဆင်ပြေနေသလိုမျိုး တည်ငြိမ်လို့နေ၏။

 သူ၏ လက်ခံနားလည်‌‌ပေးနိုင်မှု အဆင့်အတန်းက မှင်သက်စရာကောင်းလှသည်။

" ဒီနေ့ ကျောင်းတော်မှာ တာဝန်ကျတဲ့ သမားတော်ကဘယ်သူလဲ။ သူ့ကို အသင့်ပြင်ခိုင်းထားလိုက်….." ကျောက်ရွှမ်ကျင်းက စဉ်းစားဖို့ရာ ခဏရပ်လိုက်သည်။

 " ဆေးဝါးကောင်းအချို့ကို ယူဖို့ နန်းတွင်းထဲကိုသွားလိုက်။ နှလုံးနဲ့ ချီစွမ်းအင်ကို အားဖြည့်ပေးနိုင်မယ့်ဟာ‌‌တွေကိုယူခဲ့၊ပြင်ပဒဏ်ရာတွေကို ကုဖို့ဟာရောပဲ….."

ရှဲ့ချောင်တစ်နာရီနောက်ကျပြီး နေ့လည်ခင်းအတန်းကိုသာ သင်ယူခဲ့ရသည်။

သူမ မျက်မှောင်ကြုံ့နေကာ အလေးအနက်ဖြစ်နေပုံပေါ်သည်။

' သူမ ဒါကို မလုပ်နိုင်ခဲ့ဘူးတဲ့လား'

ဒါပေမဲ့ ဒီဟာက မကောင်းဆိုးဝါးနဲ့နတ်ဆိုးတွေကို နှင်ထုတ်ဖို့ အသုံးပြုခဲ့သည့် တာအိုဓားသိုင်းပညာနှင့် ဆင်တူသည်လေ။

သူမမှာလည်း သူမနှင့်အတူသယ်ဆောင်သွားလေ့ရှိခဲ့တဲ့ ဓားတစ်လက်ရှိခဲ့သည်။သို့သော် သူမဆရာပေးခဲ့တဲ့ ဓားက  အလွန် လေးလံလှသည်။ ထိုဓားကို ယူလာရမယ့်အစား ရွှေယွဲ့ဘုရားကျောင်းတွင်သာ ထားထားခဲ့သည်။

သူမရဲ့  ဝါးသေတ္တာလေးထဲတွင် အရွယ်အစားစုံ မက်မွန်သားသစ်သား ဓားအနည်းငယ်ရှိသည်။

ဓား၏ အဓိပ္ပာယ်မှာ အတော်လေးထူးခြားတာကြောင့် သူမဝတ်ဆင်လေ့ရှိခဲ့တဲ့ တာအိုဝတ်ရုံ‌ပေါ်၌ ဓားသဏ္ဌာန် ဖဲကြိုးလေးနှစ်ခုရှိခဲ့၏။၎င်းကို အသိဉာဏ်ဓား ဟုခေါ်ပြီး ဒုက္ခ၊ တဏှာနှင့် လောဘကို ဖြတ်တောက်သည် ဟု အဓိပ္ပာယ်ရသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now