၉၃။ (ပျော်လွန်း၍ သူမမေ့လဲသွားသည်။)
ရှဲ့ချောင်သည် သူမ၏လှုပ်ရှားမှုများ လှပခဲ့သလားဆိုတာကို မသိခဲ့ပေ။ သူမသိသည်က သူမအနားတွင် မကျေမချမ်းဖြစ်နေကြသော ဝိဉာဉ်များရှိနေပြီး သူမက၎င်းတို့အား စုဆောင်းခဲ့ခြင်းသာ ဖြစ်သည်။
ကံဆိုးစွာဖြင် သူမသည် အချိန်အတော်ကြာ ကနေခဲ့ပြီးတာတောင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် သူမသည် ဝိဉာဉ်များကို စုဆောင်းဖို့ရန်အတွက် ကကွက်အကြား ကွာဟချက်များကိုလည်း အသုံးပြုခဲ့သေးသည်။သူတို့သည် ကောင်းမွန်ပုံရ၏။ သို့သော် စင်စစ် ကကွက်များသည် လှရုံသာဖြစ်ပြီး၊ ဝိဉာဉ်များကို စုဆောင်းရန် အတွက် အကူညီမဖြစ်ခဲ့ပေ။
ကကွက်များ ရိုးရှင်းလေ၊ သူမ ခန္ဓာကိုယ်အတွက်ကောင်းလေဖြစ်သည်။
ရှဲ့ချောင်သည် ကောင်းမွန်စွာ အသက်မရှူနိုင်ခဲ့ရာ တည်ငြိမ်သွားရန်အတွက် အချိန်ခဏ ယူခဲ့ရသည်။ သို့သော် သူမခေါင်းထဲတွင် အသံများမြည်နေဆဲဖြစ်သည်။
ဆရာအနည်းစုသည် အဆင့်သတ်မှတ်ပေးပြီးသွားပြီဖြစ်သည်။
ဆရာမကျူးသည် သူမကို သင်ယူနိုင်ရန်အတွက် ပိုပြီးကြည့်စေချင်သည့် ရည်ရွယ်ချက်ရှိခဲ့ပုံရသည်။
သူမသည် သူမ(ရှဲချောင်) ၏ နာမည်ကို ကျန်သူများထက်နောက်ကျပြီးမှ ရွေးချယ်ခဲ့သည့်အတွက် သူမနောက်တွင် ကျောင်းသားအနည်းငယ်သာကျန်တော့သည်။
သူမ၏ တင်ဆက်မှုအပြီး၊ ကျန်သည့်ကျောင်းသားများ၏ ကပြမှုများမှာ အသက်မပါတော့။
အားလုံး၏ ကပြတင်ဆက်မှုများပြီးသွားသည့်နောက် ဆရာကျူးသည် ရလဒ်များကိုကြေညာလိုက်သည်။
လူတိုင်း၏ အဆင့်များသည် ကျယ်လောင်စွာဖတ်ပြခြင်းခံရသည်။
" ဟွားလိရုန်- အလယ်အလတ်/ အလယ်အလတ်၊
ရွှီယင်း၊ အလယ်အလတ်/ အကောင်းဆုံး။
ချင်လျို့၊ အကောင်းဆုံး/ အနိမ့်။
ဖန်းမုရွှယ်၊ အကောင်းဆုံး/ အနိမ့်။"
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed