Chapter 89

655 76 0
                                    

၈၉။ (ကံကောင်းခြင်း)

ရှဲ့ချောင် ဓားသိုင်းအက၏ အပြင်းထန်ဆုံးအပိုင်းကို တွေ့ရသောအခါ သူမ မကောင်းဆိုးဝါးဝိဉာဉ်များကို နှိမ်နင်းခဲ့သည့် အချိန်တုန်းကနှင့်တူကြောင်း တွေးမိသွားသည်။

ထိုအရာသည် ဆင်တူပုံရသည်…

တာအိုဘာသာတွင် လူတွေက နတ်ဘုရားကို ကိုးကွယ်ရိုသေကြကာ သူတို့ရဲ့ စွမ်းအားကို တာအိုဓားဖြင့် ပြသကြသည်။ အကယ်၍ သူမသာ ဓားကိုလက်ထဲတွင် မကိုင်ထားနိုင်ခဲ့ဘူးဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်က သူမကို ဝါးမျိုဖျက်ဆီးပေလိမ့်မည်။

ရှဲချောင်မှာ ကိုယ်ခံပညာတွင် အားနည်းခဲ့သည်။မော့လင်းကျစ်က  သူမအား 'ပါးကွ' နှင့် ဓာတ်ငါးပါးကိုကိုယ်စားပြုသည့် ဓား၁၃လက် နည်းပညာ ကိုသင်‌ကြားပေးခဲ့သည်။

 ဒြပ်စင်ငါးပါး ' ပါးကွ' သည် အရာများစွာအဖြစ် ပြောင်းလဲနိုင်၏။ ထို့ကြောင့် ဆရာ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီသည် ကြီးမားဝိုင်းစက်‌သော ပန်းကန်ပြားနှင့်တူနေသည်။ သူမလှုပ်ရှားလိုက်တဲ့အခါ ထူးခြားသော စည်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ရှဲ့ချောင် အတိတ်တုန်းက ' သက်ဝင်ဓား' ကိုလေ့ကျင့်ခဲ့ဖူးသည်။ ၎င်း၏ဟာ မည်သည့်သတ်ဖြတ်မှုများမှမပါသလို ပြင်းလည်းမပြင်းထန်ပေ။

ကံအားလျော်စွာနှင့် ' လရောင်ကကြိုး ' မှာ အတိအကျကြီး ရှုပ်ထွေးနေတာတော့မဟုတ်လှ။

" ကောင်းပြီ၊ မင်းတို့တွေ ခဏလောက် လေ့ကျင့်ကြ။ နောက်ဆယ့်ငါးမိနစ်နေရင် ပြိုင်ပွဲစမယ်" ဆရာက ရှဲ့ချောင်ကို ဖြတ်ခနဲကြည့်လိုက်ပြီး‌နောက် ခေတ္တထွက်ခွာသွားခဲ့သည်။

လူအများစုမှာ သူတို့မကျွမ်းဝင်သေးသော လှုပ်ရှားမှုများကို လေ့ကျင့်ရန်အတွက် စုဝေးနေကြသည်။

ထိုစဉ် ရှဲ့ချောင်ကတော့ ဆရာ့ရဲ့ ကကွက်သရုပ်ဖော်မှုကို စိတ်နှလုံးထဲတွင် ပုံဖော်ကြည့်နေခဲ့သည်။

သူမတွင် ခွန်အားအများကြီးမရှိသလို ဖြုန်းတီးပစ်လိုခြင်းလည်းမရှိပေ။ ရွေ့ဖို့မလိုအပ်လျှင် ဒီအတိုင်းရပ်နေမည်သာဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now