Chapter 181-190

355 47 0
                                    

Unicode

၁၈၁။ (အငြိုးတရား)

ကုလန်​ကျောင်း​တော်သည် နန်းမြို့​တော်တွင် ထိပ်တန်း​ကျောင်း​တော်သုံးခု အဆင့်ဝင်ပေသည်။ ထို့အတွက် မည်သူမဆိုကိုလက်ခံ​​ပေးရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

​ကျောင်း​တော်တွင် စာရင်း​ပေးသွင်းရန် ​ဖေဝမ်ယွဲ့သည် လက်​ဆောင်ပဏ္ဍာပေးရန်လိုအပ်သည်။ ယခုတွင် သူမသည် ကုလန်​ကျောင်း​တော်မှ သူမဘာသာထွက်လာခဲ့ပြီး အမှားလုပ်ပြီးနောက် ပြန်သွားချင်​နေသည်​လော?

ကျောင်းတော်သည် သူမအား ​သေချာ​ပေါက် အလိုရှိမည်မဟုတ်ပေ။

​ဖေဝမ်ယွဲ့သည် နှုတ်ခမ်းကိုကိုက်ထားကာ သူမ၏နှလုံးသားမှာ ​သွေး​ချောင်းစီး​နေခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူမသည် ၎င်းအား နားမလည်​တော့​ပေ။ ရှဲ့​ချောင်သည် မည်သို့ဖြင့် ဆရာယွင်ဝေ့၏စစ်မှန်​သောပန်ချီကားကို ဝယ်ယူနိုင်မည်နည်း။

ကံမ​ကောင်းစွာဖြင့် ယခု အလွန်​နောက်ကျသွားခဲ့လေပြီ။ သူမတွင် ​ငွေပဲ​စေ့များမရှိလျှင် ထွက်ခွာသွားရပေတော့မည်။

ယခုတွင် သူမသည် အရှက်မဲ့စွာ ​မေးမြန်းခဲ့​သော်လည်း မည်သူမှသူမကိုမကူညီချင်ရုံသာမက လူတိုင်းသည် သူမအား ရွံရှာသလိုကြည့်​နေခဲ့ကြသည်။ ထိုသူတို့၏​ဝေဖန်​သောမျက်လုံးများကြောင့် သူမမှာ ဓါးနှင့်အထိုးခံနေရသလိုပင်။ သူမ၏ မိမိကိုယ်ကိုယ်လေးစားမှုမှာ ​ကြေမွသွားခဲ့ရပြီး မကြာမီပင် ပြေးထွက်လာခဲ့တော့သည်။

သူမသည် ငိုလျက် အိမ်သို့ပြန်​လာခဲ့၏။

​ဖေဝမ်ယွဲ့မှာ သူမ၏​သေးငယ်​သောအိမ်လေးကိုကြည့်ရင်း ထိတ်လန့်​နေခဲ့​သည်။

သူမတွင် ဘာမှမရှိ​ပေ။ သူမသည် ရှဲ့အိမ်​တော်သို့ပြန်မသွားနိုင်​တော့ဘဲ ယခုတွင် ​ကျောင်း​တော်က​တောင် သူမကိုအလိုမရှိ​တော့​...

အားလုံးမှာ ရှဲ့​ချောင်​ကြောင့်ဖြစ်သည်!

နာရီအနည်းငယ်ကြာ ငိုပြီး​နောက် ​ဖေဝမ်ယွဲ့သည် ​နောက်ဆုံးတွင်ထိန်းမထားနိုင်​တော့ဘဲ သခင်မလုကို​ခေါ်ရန် တစ်စုံတစ်​ယောက်ကိုလွှတ်လိုက်သည်။ သူမသည် နန်းမြို့​တော်တွင် သူမ၏မိခင်ဖြစ်သည့် မိသားစုဝင်တစ်ဦးတည်းသာရှိပေသည်။ ယခု ကိစ္စကြီးတစ်ခုဖြစ်ပျက်ခဲ့ရာ သူမ၏မိခင်က သူမအတွက် ​ဖြေရှင်း​ပေးရမည်ဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now