Chapter 57

853 97 0
                                    

Chapter : 57 (ကျွန်မကို ခွင့်လွှတ်ပါ)

ရှဲ့ချောက်မျက်မှောင် အနည်းငယ်ကြုံ့သွား၏။

" ဆရာကျွန်မကိုပေးတဲ့ စာမေးပွဲမေးခွန်းကို ကျွန်မလက်မခံနိုင်ဘူး။ ဒါပေမယ့် ကျွန်မမေးကြည့်ချင်တယ် အရင်တုန်းက ဒီလိုမျိုးမေးခွန်းကိုတစ်ယောက်ယောက် ဖြေခဲ့ဖူးပါသလား။ မဟုတ်ရင် ကျွန်မကိုပဲ သက်သက် ပစ်မှတ်ထားတာလားဆိုတာကို" ရှဲ့ချောင်က ဆက်ပြောလိုက်သည်။ " လျှို့ဝှက်ကြံစည်တာမျိူးကို ကျွန်မမုန်းတယ်၊ ဆရာက ပညာတတ်တစ်ယောက်ပါ။ ဆရာ့မှာ ကျင့်ဝတ်ရှိမယ်ဆိုတာ ကျွန်မပြောနိုင်တယ်။ ဒါကြောင့် ဒီလို သတ်မှတ်ချက်ကျော်နေတဲ့မေးခွန်းက ကျောင်းတော်ကို ကိုယ်စားပြုတာလား ဒါမှမဟုတ် ဆရာ့ကိုလား"

သူမမေးခွန်းကိုဖြေနိုင်သည်။ ဒါပေမယ့် သူမအနိုင်ကျင့်မခံနိုင်။

ဆရာက ရိုးရိုးတန်းတန်းပဲ ပြောလိုက်သည် " ဒီမေးခွန်းက ကျောင်းတော်ကပဲ ဖြစ်ဖြစ် ငါ့ဆီကပဲဖြစ်ဖြစ် ဘာကွာခြားသွားမှာမလို့လဲ။ မင်းမဖြေချင်ဘူးဆိုရင် ထွက်သွား"

ရှဲ့ချောင် အနည်းငယ်သာ ပြုံးလိုက်၏။

ရှဲ့ချောင်က ဖြည်းဖြည်းချင်းဘဲပြောသည်။ " ကျွန်မက အဆင့်လေး အရာရှိတစ်ယောက်ရဲ့ အကြီးဆုံးသမီးပါ။ ကျွန်မက မွေးစားခံထားရတာ မဟုတ်သလို အ‌ယောင်ဆောင်ထားတာလည်း မဟုတ်ဘူး။ ဘယ်သူမှမပြောပဲ သိနိုင်တဲ့ စည်းကမ်းက ဒီကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲမှာ အရေးနဲ့ အဖတ်ပဲ ဖြေရတာဆိုတာ။ ဘယ်လို လုပ်ပြီး ကျွန်မ အလှည့်ရောက်မှ ပြောင်းသွားရတာလဲ။ ကျောင်းတော်က...... ဆုံးဖြတ်တာလား"

ဆရာကြီးသည် ဒေါသကြောင့် မျက်နှာနီရဲနေသည်။

" ငါဒီမေးခွန်းကို ပေးတာက မင်းတစ်ယောက်တည်းကိုဘဲ။ ရှဲ့သခင်မလေး အသက်က ၁၅ ၁၆ လောက်၊ ဟုတ်တယ်မလား။ ဒီလောက်ကျမှ ကျောင်းတော်ကို ဝင်တာက ‌အတော်‌နောက်ကျနေပြီ။ မင်းအတွက် ကျောင်းတော်မှာ ပညာသင်ယူဖို့ အချိန်နည်းနည်းဘဲ ရှိလိမ့်မယ်။ ဒါကြောင့် ဝင်ခွင့်လိုအပ်ချက်က မြင့်နေရတာ။ မဟုတ်ရင် မင်းအတွက် အမှီလိုက်ဖို့က ခက်သွားမယ်" ဆရာကပြောလိုက်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now