၉၈။ အရှင့်သား ရန်စနေတာလား
ရှဲ့ချောင် စဥ်းစားကြည့်လိုက်သည်။ သူတို့အသက်ကိုကယ်ဖို့သူမကိုလိုအပ်မယ့်သူ များများစားစား ရှိမည် မဟုတ်။ ချင်းကျီ အသက်ရှင်နေဆဲဖြစ်တာကြောင့် သူပဲဖြစ်လောက်သည်။
မျှော်လင့်ထားသလိုပင် နန်းတွင်းသက်တော်စောင့်ကျို့က ခေါင်းညိတ်ပြလိုက်သည်။
"ရှဲ့သခင်မလေးမှာက တင်းကျပ်တဲ့မိသားစုရှိတော့ ကျွန်တော်တို့ သခင်မလေးကို မနှောင့်ယှက်ရဲဘူး။ ကျွန်တော်တို့ သခင်မလေးကို စာတစ်စောင့် ပို့မလို့ တွေးခဲ့ပေမဲ့ သခင်မလေးကို မတွေ့နိုင်ခဲ့ဘူး"နန်းတွင်းသက်တော်စောင့်ကျို့ကပြောလိုက်၏
ကျောက်ရွှမ်ကျင်း ကျို့ဝေ့ကျုံးကိုစိုက်ကြည့်လိုက်သည်။ သူသတိမထားမိတာတစ်ခုခုရှိနေလိမ့်မယ်ဆိုတာ သူမယုံနိုင်ခဲ့ဘူး။
ရှဲ့ချောင်က ခပ်ရေးရေး ပြုံးလိုက်သည် "ရှင်တို့ဖြစ်နေတယ်ဆိုတော့ ကောင်းတာပေါ့။ ဒါဆိုရင်တော့ ကျွန်မ ယူလိုက်မယ်။ စရံငွေ ဘယ်တော့ ပေးမလဲဆိုတာတော့ ကျွန်မသိချင်တယ်”
ရှဲ့ချောင်မှာ သူ့မရဲ့ ဖောက်သည်တွေကို ကူညီပေးတဲ့ နေရာမှာ အတော်လေးညင်သာသည်။
"သ-သခင်မလေး လက်ခံမှာလား" နန်းတွင်းကိုယ်ရံတော်ကျို့ တုန်လှုပ်သွားခဲ့၏။ “ ကျေးဇူးတင်ပါတယ် ရှဲ့သခင်မလေး, စ_စရံငွေက ဘယ်လောက်ပါလဲ”
"ပုံမှန် စရံငွေက ကျသင့်ငွေရဲ့တစ်ဝက်ပါ။ ကြားမှာတစ်ခုခုရှိခဲ့ရင်တခြားကျသင့်ငွေတွေကိုပါ ရှင်တို့ ပေးရမှာပါ။ အပေးအယူပြီးသွားရင်တော့ ကျန်တဲ့တစ်ဝက်ကိုပေးရမယ်" ရှဲ့ချောင် ကပြုံးရင်းပြောလိုက်သည်။
ရွှေစ တစ်ရာ---ဖောက်သည်ကြီး တစ်ယောက်လေ။
ဒီငွေပမာဏနဲ့ဆို ပိုကောင်းတဲ့အားဆေးတွေ သူမ ဝယ်လို့ရတယ်!
ရှဲ့ချောင် ရဲ့မျက်နှာသေးသေးလေးက ဒါကို တွေးမိသွားတော့ နီရဲသွားခဲ့သည်။
ကျို့ဝေ့ကျုံးကတော့ ထိုစကားကို ကြားတော့ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed