Chapter 142

504 71 0
                                    

Unicode

၁၄၂။ တကယ် ထူးဆန်းတယ်

ပြည့်တန်ဆာသည် ယွမ်ပင်း၏ အနောက်ဘက်သို့ ရုတ်တရက်လှည့်လိုက်ပြီး အနီရောင်ပိုးချည်အား သူ၏ လည်ပင်း၌ ရစ်ပတ်လိုက်သည်။ သူမ မည်သည့်နေရာမှ ခွန်အားများရလာသနည်းဆိုသည်ကို မည်သူမှ မသိကြသော်လည်း သူမသည်တော့ သူ့အား ပြတင်းပေါက်ဆီသို့ တွန်းထုတ်လိုက်လေသည်။

အနီရောင်ပိုးချည်သည် ယွမ်ပင်း၏ ကိုယ်အားဆွဲသွားခဲ့ပြီး သူ၏လည်ပင်းအား ညှစ်ထားလေသည်။ သူ၏ မျက်နှာမှာ လည်ပင်းညှစ်ခံထားရခြင်းကြောင့် နီရဲနေလေသည်။

ကျယ်လောင်သည့်‌ဆူညံသံများမှာ ဖေးဟွားတည်းခိုဆောင် အပြင်ဘက်ရှိလူများ၏ ‌အာရုံကို ဖမ်းစားသွားခဲ့လေသည်။

၎င်းတို့သည် ကြည့်ရန် ခေါင်းမော့လိုက်ကြပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ယွမ်ပင်းသည် အတွင်းခံသာ ဝတ်ထားလေသည်။ ငေါထွက်နေသောနံရိုးများကို သူ၏ ဖြူပြီးပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် တွေ့မြင်နိုင်ပေသည်။ သူသည် တည့်တည့်မတ်မတ်ရပ်နေကာ သူ၏လက်များက အနီရောင်ပိုးချည်အား ရပ်တန့်ခြင်းမရှိ ဆွဲနေခဲ့သည်။ သူ အသက်မျှင်းမျှင်းသာ ရှူနိုင်တော့သည်။

" ကယ်-ကယ်ကြပါ..."

သူ၏ အသံမှာ တုန်လှုပ်ခြောက်ခြားနေပြီး သူသေတော့မည်ဟု ခံစားနေရလေသည်။

ဒုတိယထပ်မှ ပြုတ်ကျခဲ့လျှင် သူ သေမည်မဟုတ်။ သို့သော်လည်း သူ့အား မည်သူမှ မကယ်ခဲ့သော် အနီရောင်ပိုးချည်သည် သူ့အား ‌သေအောင် ညှစ်သတ်ပေတော့မည်!

ထို့အပြင် သူ့အနောက်တွင်...ရူးနေသော မိန်းမတစ်ယောက် ရှိနေလေသည်။

ပြည့်တန်ဆာသည် ထိုအရာအား သူမ လွယ်လွယ်ကူကူ လုပ်လိုက်နိုင်သောကြောင့် အံ့ဩသွားပုံရသည်။ အနီရောင်ပိုးချည်အစွန်းနှစ်ဖက်ကို အခန်း၏တိုင်များတွင် ချည်လိုက်ပြီးနောက် သူမသည် ပြတင်းပေါက်ပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် သူမ ဓားမြောင်အား ဆွဲထုတ်လိုက်လေသည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now