Chapter :45(အရည်အချင်း)
ရှဲ့ချောင်မှာ သူမနှင့်အတူ ငွေကြေးအများကြီးယူလာရန် မစဉ်းစားခဲ့ပေ။
ရွှေယွဲ့တာအိုဘုရားကျောင်းမှာလည်း တစ်နှစ်ပတ်လုံးလည်ပတ်နေသည်ဖြစ်သော်ငြား ကုန်ကျမှုများက အတော်ကြီးနေတုန်းပင်။
သူမသည် အလုပ်မှန်သမျှလက်ခံသူမဟုတ်ချေ။ ရွှေယွဲ့တာအိုဘုရားကျောင်းမှာ ယွင်ကျင်းတောင်တန်း၌ကျော်ကြားသော်လည်း အမွှေးတိုင်များ လာရောက်ပူဇော်သူသိပ်မရှိပေ။
ဘုရားကျောင်းတွင် လူနည်းသည်။ အလုပ်များနေသည့်အလျောက် စုဆောင်းထားသည့်ငွေများမှာလည်း တဖြည်းဖြည်းယုတ်လျော့လာသည်ပင်။
သူမ ယခုခရီးစဉ်အတွက် ငွေစ ၆,၀၀၀ မှ ၇,၀၀၀ကြား ယူဆောင်လာခဲ့သည်။များသည်ဟုထင်ရသော်လည်း လက်တွေ့တွင် ဝယ်ခြမ်းစရာတစ်ပုံတစ်ပင် နှင့်ပင်။
သူမ၏ခန္ဓာကိုယ်မှာ ချို့တဲ့သဖြင့် အားနည်းလေသည်။ စိတ်ဝိညာဉ်ဖြင့် လုပ်ရသော်လည်း သူမခန္ဓာကိုယ်အား ပြန်၍အင်အားဖြည့်တင်းပေးရသည်။
ငယ်စဉ်ကတည်းက ဂျင်ဆင်းမြစ်မစားရဖို့ နေနေသာသာ လူအိုကြီးက သူမတွက် ယန်ဓာတ်စွမ်းအင်ဆေးသောက်ရန်ပင် ညွှန်ကြားခဲ့တာဖြစ်သည်။ ပါဝင်ပစ္စည်းများသည် အလွန်စျေးကြီးသည်။ ငါးကြီးအန်ဖတ် တစ်ခုနှစ်ခုကိုပင် ငွေစလေးဆယ် ကုန်ကျလေသည်။
သူမအတွက် ဆေးဖိုးဝါးခအပြင်သာ့ရှုန်း အတွက်စားသောက်စရိတ်မှာလည်း မနည်းမနောပေးရသေးသည်။
သာ့ရှုန်း စားသော ပိုးကောင်များ၏တစ်ဝက်မှာ တောင်ပေါ်မှပိုးကောင်ခြောက်များဖြစ်သည်။
ထိုအတောအတွင်း တစ်ချို့တစ်ဝက်မှာ သူမကိုယ်တိုင်ဖမ်းမိပြီး သစ်ကြံပိုးခေါက်ဖြင့် ရောကျွေးသော ပိုးကောင်များဖြစ်သည်။
သစ်ကြံပိုးခေါက်သည် လူ၏စိတ်ဝိညာဉ်ကို ဖြည့်စွမ်းပေးနိုင်ပြီး စိတ်ဝိညာဉ်ကို အေးချမ်းစေကာ အပူမီးငြိမ်းစေသည်။ နေနှင့်လ၏အနှစ်သာရ သွေးပြန်ကြောများမှ ထုတ်ယူခဲ့ခြင်းကြောင့် ၎င်းသည် ယန်စွမ်းအင်ဖြစ် လာခြင်းဖြစ်သည်။
YOU ARE READING
ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီ
RomanceAlternative names:太子妃她命中带煞 Author: Celestial River God Genre: Historical, Psychological, Romance Status: Completed