Chapter 62

996 108 0
                                    

Chapter:62 (အတုအပ)

 သခင်မလုသည် မည်သည့်နေရာကိုမှ ခေါ်သွားခြင်းမခံရသည့်အပေါ် စိတ်မသာမယာဖြစ်နေ၏။

" ကျွန်မကတော့ ဒါကို မထောက်ခံဘူး သခင်ကြီး၊ တကယ်လို့ ဆုလာဘ်တွေခွဲပေးပြီး ရှင်းပြလိုက်မယ်ဆိုရင် ရှင်ကတည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်လို့ မဟုတ်ဘူးဆိုတာ သူတို့ကိုပြောပြနေသလိုမဖြစ်သွားဘူးလား..."

" ဒါလည်းအဓိပ္ပာယ်ရှိတာပဲ..." ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။

နှစ်ခုလုံးအဓိပ္ပာယ်ရှိသည်။

ဒါပေမဲ့ သူသာဆုလာဘ် ခွဲမပေးဘူးဆိုရင် နောက်ပိုင်း ဘယ်သူမှ သူနဲ့အတူအပြင်သွားချင်ကြတော့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

ရှဲ့နျိုရှန်းသည် မျက်မှောင်ကျုံ့နေပြီး သူ၏မျက်ခုံးများမှာ တွန့်ချိုးလွန်း၍ ယင်ကောင်ပင် ညစ်သတ်၍ရနေပြီဖြစ်သည်။

" အဖေက အမှောင်ကိုစွန့်ပြီး အလင်းဆီကိုပြန်သွားတာ။ အရာရှိတွေက အဖေ့ရဲ့ လောကဝတ်အပြုအမူတွေ အကျင့်တွေကို သတိထားမိနေပြီသား။ သူတို့က အဖေတည်ငြိမ်နေတဲ့အတွက် စိတ်ရင်းနဲ့ ချီးမွမ်းကြမှာမဟုတ်ဘူး။ အဲ့ဒီအစား နန်းတွင်းမှူးမတ်တစ်ယောက်က အလေးအနက်မထား တာဝန်မဲ့တဲ့သူမဖြစ်သင့်ဘူးလို့ တခြားသူတွေကိုပြောဖို့ပဲ အဖေ့ကို ဥပမာအ‌နေနဲ့သုံးလိမ့်မယ်။ ဆုလာဘ် ခွဲပေးပြီး သူတို့ကိုအမှန်တိုင်းသာပြောလိုက်ပါ။ အရာရှိတွေက အဖေ့ကို ရှုံ့ချမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီအစား အဖေကို ရိုးသားတဲ့သူဆိုပြီးထင်ကြလိမ့်မယ်။" ရှဲ့ချောင် သူ့အား ထပ်၍သတိပေးလိုက်သည်။ 

သူမပြောပြီးနောက် သက်ပြင်းချလိုက်၏။သူမ ပင်ပန်းနေပြီဖြစ်သည်။

သူမအဖေသာမဟုတ်ခဲ့ရင် စိတ်ရှုပ်ခံပြီး ဘာကိုမှ ပြောပြနေမည် မဟုတ်ပေ။

ဓားပြဖြစ်ခဲ့ဖူးသူတစ်ယောက်က နန်းတွင်းအရာရှိတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်မှာတဲ့လား။

သူသည်သာလျှင် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူ ဖြစ်မည်။ ထို့ကြောင့်ပင် သူ၏အထက်လူကြီး‌များမှာ သူ့အား မည်သို့နားလည်ပေးနိုင်မည်နည်း။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now