Chapter 127

557 81 0
                                    

၁၂၇။ သေဆုံးခြင်းဆိုင်

ရှဲ့ဖင်းကန်းမှာ အဆင့်ကိုး အရာရှိသာဖြစ်မည်ဆိုသော်လည်း ဘာမှမဟုတ်သည်ထက်စာလျှင်တော့ ပိုကောင်းလေသည်။

သူသည် ထိုအမှုအား ဖြေရှင်းနိုင်ခဲ့သဖြင့် အပျော်လွန်နေခဲ့သော်လည်း ရှဲ့ချောင်အား စိတ်ပူလေ၏။

“ ညီမလေး ငါ့ကို ရိုးရိုးသားသားပြော။ နင် အဲဒီအမျိုးသမီးနဲ့ တိုက်မိပြီး သူ ပြောတာကို နားစွန်နားဖျားကြားခဲ့လို့ သူက တရားခံဆိုတာ သိသွားတာမလား?” ရှဲ့ဖင်းကန်းက စမ်းသပ်သည့် အမူအရာဖြင့် မေးလိုက်သည်။

“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို မထုတ်ဖော်ရဘူး” ရှဲ့ချောင် ပညာရှင်တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ “ ဘာတွေပဲဖြစ်ဖြစ် ဆက်ကြိုးစားနေပါ အစ်ကိုအကြီးဆုံး။ အစ်ကိုကြီးမှာ သံသယတစ်ခုခုရှိတယ်ဆိုရင် ညီမကို မေးလို့ရတယ်။ ညီမ အစ်ကိုကြီး မေးခွန်းတွေကို ဖြေပေးမှာပါ”

သူမ စကား​ပြောရင်း မောလာခဲ့သည်။

ရှဲ့ဖင်းကန်း မျက်ဆံလှန်ကာ သူမကို ကြည့်လိုက်သည်။ “ ဒါ နောက်ဆုံးအကြိမ်ပဲ။ နောက်ဆို ဒီလိုမျိုး မဆိုင်တဲ့နေရာတွေမှာ အရမ်းစပ်စုမနေနဲ့ ”

ထိုကဲ့သို့သော ကိစ္စများတွင် သူမ လိုက်စိတ်ဝင်စားနေလျှင် မည်သူမျှ သူမကို လက်ထပ်ချင်မည် မဟုတ်တော့ပေ။

“ သေချာတာပေါ့” ရှဲ့ချောင် ခပ်မြန်မြန် ကတိပေးလိုက်လေသည်။ သူမ မကြာသေးခင်ကမှ ‘ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို မထုတ်ဖော်ရ’ဟု ပြောခဲ့ပြီး ယခုတွင်မူ 

“ တကယ်တော့…တစ်ယောက်ယောက်က ညီမကို ပြောပြခဲ့တာ”ဟု ပြောလေသည်။

“ အဲဒါ ဘယ်သူလဲ?” ရှဲ့ဖင်းကန်း အံ့အားသင့်နေသည်။

“ အရင်နေ့တွေတုန်းက အစ်ကိုကြီး မစိုးရိမ်ခဲ့ဘူးလား? ညီမ အစ်ကိုကြီးရဲ့ ကံကြမ္မာကို ဟောဖို့ ဗေဒင်ဆရာတစ်ယောက် တွေ့ထားတယ်။ ဆရာက အဲ့လူကို သိတယ်။ သူက ညီမထက် ပိုတော်တယ်။ ဒါကြောင့် အဲ့လို ပိုရှင်းလင်းတိကျတဲ့ အသေးစိတ်တွေကို ဟောနိုင်တာပေါ့။ အနာဂတ်မှာ အစ်ကိုကြီး သံသယတွေ ရှိလာမယ်ဆိုရင် အရှေ့ပင်မလမ်းက ကံကြမ္မာဟောဆိုင်ကို သွားကြည့်လိုက်။ သူဌေးမက ပစ္စည်းအများကြီး ရောင်းတယ်။ အစ်ကိုကြီး လိုအပ်တာတစ်ခုခုတော့ သေချာပေါက် ရှာတွေ့မှာပဲ” ရှဲ့ချောင် အတော်လေး မြန်ဆန်သော အပြုအမူဖြင့် စကားပြောခဲ့၏။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now