UnicodePrologue : ပျက်သုန်းကမ္ဘာတွင်ရှင်သန်နေထိုင်ရန် နည်းလမ်း၃မျိုးရှိသည်။
[ပျက်သုန်းကမ္ဘာတွင်ရှင်သန်နေထိုင်ရန်နည်းလမ်း၃မျိုးရှိတယ်။အဲ့နည်းတွေထဲကတစ်ချို့ကို မေ့သွားခဲ့ပေမဲ့ သေချာတဲ့အချက်တစ်ခုကတော့ ဒီစာဖတ်နေတဲ့ 'သင်' ကသာလျှင် ရှင်သန်ကျန်ရစ်နေလိမ့်မယ်။
-ပျက်သုန်းကမ္ဘာအတွင်း ရှင်သန်နေထိုင်နည်းသုံးသွယ်]
သူ့ဖုန်းမှန်သားပြင်ပေါ်တွင် အွန်လိုင်းဝတ္ထုဖတ်သည့် ပလက်ဖောင်းတစ်ခု၏စာများက နေရာယူထားသည်။
သူကဖုန်းမျက်နှာပြင်အား အောက်သို့ဆွဲချသည်။ နောက်ထပ်မံ၍ အပေါ်သို့ ပွတ်ဆွဲပြန်သည်။သူထိုသို့လုပ်နေခဲ့သည်မှာ အကြိမ်ရေမည်မျှပင်ရှိမှန်း မသိတော့။“တကယ်လား? တစ်ကယ်ကြီးပြီးသွားတာလား?”
သူသေချာအောင်ထပ်ကြည့်ပေမဲ့ 'ပြီးပါပြီ' ဟူသည့်စကားလုံးကသာ အမှားအယွင်းမရှိနေရာယူလို့ထား၏။
ဇာတ်လမ်းကားပြီးဆုံးသွားခဲ့ပြီ။
+
[ပျက်သုန်းကမ္ဘာအတွင်း ရှင်သန်နေထိုင်နည်းသုံးသွယ်]
စာရေးသူ: tls123
3,149 chapters.+
'ပျက်သုန်းကမ္ဘာအတွင်း ရှင်သန်နေထိုင်နည်းသုံးသွယ်' ဟူသည့်စိတ်ကူးယဉ်ဇာတ်လမ်း ဝတ္ထုရှည်ကြီးဟာ အပိုင်းပေါင်း ၃၁၄၉ ပိုင်းရှိသည်။ထိုဝတ္ထုအားအတိုချုံးအနေဖြင့် 'ရှင်သန်ရန်နည်းလမ်းများ' ဟုလည်းခေါ်ဆိုသည်။
သူ့အနေနှင့် အဆိုပါဝတ္ထုအားအလယ်တန်း
တတိယနှစ်ထဲက စွဲစွဲမြဲမြဲဖတ်ရှုလာခဲ့တာဖြစ်သည်။သူကျောင်းတတ်ခဲ့သည့်နှစ် အတောတွင်း 'ဘူလီများ'ဆီကအနိုင်ကျင့်ခံခဲ့ရချိန်၊ဝင်ခွင့်စာမေးပွဲ မဖြေဆိုနိုင်ခဲ့လို့ နယ်ခံတက္ကသိုလ်သို့တတ်ရောက်ခဲ့ရသည့်အချိန်၊စောက်ကျိုးနည်းကျပန်းမဲတစ်ခုဆွဲမိပြီး စစ်တပ်ရဲ့ရှေ့တန်းမှာတာဝန်ကျခဲ့ရတဲ့အချိန် တွေ သူအလုပ်တွေတစ်ခုပြီးတစ်ခုထပ်တလဲလဲပြောင်းခဲ့ရပြီး အခုတော့ ကုမ္ပဏီကြီးတစ်ခု၏အဖွဲအစည်းအောက် မှာ စာချုပ်ဝန်ထမ်း တစ်ယောက်အနေဖြင့်အလုပ်ဝင်ခဲ့သည်...တော်ပြီ ,အဲ့အကြောင်းတွေ ထပ်မပြောပဲနေရအောင်။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)