အပိုင်း ၈၂ : 𝘚𝘚𝘚 အဆင့်အရည်အချင်း (၂)

197 40 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ယူဆန်းအာဓားမြှောင်လှုပ်ရှားလိုက်သည့်အချိန်တိုင်း သူမရန်သူများ၏ခန္ဓာကိုယ်များအပိုင်းပိုင်းပြတ်ထွက်ကုန်ကြ၏။

အံ့ဖွယ်ပဲ။

...ငါသိတဲ့ယူဆန်းရောဟုတ်ရဲ့လား?

အဖွဲ့ကြီးများနှင့်ယှဉ်တိုက်ရာတွင် ထိုကဲ့သို့စွမ်းအားမျိုးအားပြသနိုင်သည့်အထိ အင်အားကြီးစကေးလ်များများစားစားမရှိကြ။ယခုလက်ရှိမှာဆို ခံတပ်သခင်ဂွန်ဖီလ်ဒု၏လက်နက်ကိုင်ဇုန် နှင့် ဟန်ဆူယုန်း၏အဗာတာ များသာရှိနိုင်လောက်၏။သို့တိုင် ယူဆန်းအာကထိုကဲ့သို့သောစွမ်းအားမျိုးအား ကောင်းမွန်သည့်စကေးလ်တို့မရှိပါဘဲပြသနိုင်နေသည်။

သူမဘယ်လိုတောင်မှအင်အားကြီးလာရတာလဲ။ပါရမီပါတာလား။

ယူဂျွန်ဟော့မှာသူ့အတွေးများအားသိသကဲ့သို့ပြောလာ၏။

-သူမဒီ‌လောက်မြန်မြန်ဆန်ဆန်ကြီးထွားလာတာက မင်းသူ့အနားမှာမရှိလို့။ကြည့်ရတာမင်းမှာ မင်းနောက်လိုက်တဲ့မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုပျိုးထောင်နိုင်တဲ့စွမ်းရည်ရှိပုံမရဘူး။အီဟွန်းဆုန်းတုန်းကလိုပဲ။

-...သူတို့ဒီအတိုင်းအတာထိကြီးထွားလာရတဲ့အကြောင်းက ငါအစထဲကတွန်းအားပေးထားလို့ကွ။

တကယ်တော့ သူပြောတာကအဓိပ္ပာယ်မရှိသော်လည်း ယူဂျွန်ဟော့ပြောသမျှကိုလည်းငြိမ်ခံမနေနိုင်။

သောာက်ကျိုးနည်း ဘာလို့များငါမရှိတုန်းယူဆန်းအာကဒီလောက်တောင်သန်မာလာရတာလဲ?ဘာလို့ငါကများများစားစားအကူအညီမဖြစ်ရတာလဲ?

“ဟေး”

အသံတစ်သံထွက်ပေါ်လာသည်။သူဟန်ဆူယုန်း၏စကားအားခေါင်းညိတ်ပြလိုက်၏။အခုချိန်မှာယူဆန်းအာအကြောင်း ခေါင်းထဲတချိန်လုံးထည့်ထားလို့မဖြစ်။ဘာပဲဖြစ်ဖြစ် ဒီနေရာမှာရန်သူတွေအများအပြားရှိနေပြီးယူဆန်းအာကတော့တစ်ယောက်ထဲဖြစ်နေ၏။

“ယူဆန်းအာ-ရှီ၊ဒီဘက်!”

သူ့အသံအားကြားသွားသည်နှင့်ယူဆန်းအာ၏လှုပ်ရှားမှုတို့တန့်သွား၏။သူမ သူ့အားဒီနေရာတွင်တွေ့လိမ့်မည်ဟုထင်မထားခဲ့ချေ။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now