𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪မရဏ၏ထွက်ပေါက်ဆီသို့သူ့အား တရားသူကြီးမှခေါ်ဆောင်သွားသည်။မျက်လုံးတို့အား အထူးမျက်လုံးအကာတစ်ခုဖြင့်စည်းနှောင်ထားသောကြောင့်နေရာတိတိကျကျကိုမသိခဲ့ရ။သို့သော်သူတို့ အပေါ်တတ်ပြီးနောက် အောက်ပြန်ဆင်းပုံရ၏။လမ်းအတော်ကြာလျှောက်လာကြပြီးနောက် တရားသူကြီးက သူ့မျက်လုံးအကာကိုချွတ်ပေးသည်။
[ဒီလမ်းအတိုင်းလိုက်သွား]
သူမျက်လုံးဖွင့်လိုက်တော့ မဲမှောင်ကာကျဉ်းမြောင်းသောလမ်းလေးတစ်လမ်းကိုတွေ့သည်။ကြည့်ရတာထိုလမ်းဟာ ကူးတို့သူကြီးဟာရွန်ကိုမလိုအပ်သော ထွက်ပေါက်ဖြစ်ပုံရသည်။
[မင်း‘အရှေ့’ကိုပဲကြည့်သင့်တယ်။]
“ဘာအဓိပ္ပာယ်လဲ?”
သူ့ပတ်ပတ်လည်ကိုကြည့်လိုက်ပေမဲ့ တရားသူကြီးကတော့ပျောက်ကွယ်သွားခဲ့ချေပြီ။
သူ့အနေနှင့်ထိုလမ်းအတိုင်းလျှောက်ရုံမှလွဲမတတ်နိုင်တော့။အလင်းကွယ်ပျောက်ကာ အမှောင်ထုကသူ့အနား ဝန်းရံလာသည်။အစပိုင်းမှာတော့သူ့အနေနှင့် နံရံအားစမ်းတဝါးဝါးကိုင်ကာ သွားမည့်တည်နေရာအားဆုံးဖြတ်လို့ရပေမဲ့ များမကြာမီထိုနံရံလည်းပျောက်ကွယ်သွားသည်။သူအားကိုးထားခဲ့သည့်နံရံဟာ ရုတ်တရက်ကြီးပျောက်သွားတော့ ဗော်ရာမရှိဘဲပင်လယ်ပြင်ပေါ်မျှော်လွင့်နေရသောသင်္ဘောတစ်စီးနှယ် ခံစားနေရသည်။
ရုတ်ချည်းပင် အော်ဖီးရပ်စ်၏ဒဏ္ဍာရီဟာသူ့အတွေးထဲဝင်ရောက်လာသည်။
သူနောက်ပြန်လှည့်ကြည့်မိရင်ဘာများဖြစ်မလဲ?
ထို့နောက် ခပ်ဖျော့ဖျော့အလင်းတစ်ခု အမှောင်ထုကြားထဲမှပေါ်ထွက်လာသည်။
[မင်းကအနောက်မှာဘာရှိနေလဲဆိုတာကိုကြောက်နေတယ်။အဲ့တာကြောင့် မင်းကသနားစရာကောင်းတဲ့ကလေးဖြစ်နေတာ]
၎င်းဟာ ပါစေ့ဖစ်နီဆီမှမက်ဆေ့ခ်ျဖြစ်သည်။
[စိတ်ထဲမြဲမြဲမှတ်ထား။‘အရှေ့’ဆိုတာကိုရှာဖို့ မင်းအနေနဲ့‘အနောက်’ကဘယ်မှာလဲဆိုတာကိုသိထားရမယ်။ဘာလို့ဆို အနောက် ဆိုတာရှိမှ အရှေ့ဆိုတာကလည်းတည်ရှိနိုင်တာမို့]
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)