အပိုင်း ၄၁ : အလုံးစုံသိနေငါး (၆)

313 61 2
                                    


“ဘာရယ်?”

{မင်းကဘာလဲ...?}

အတွေးများရုတ်တရတ်ပြောင်းလဲသွားသည့်အပေါ်သူအံ့ဩနေမိသည်။သူ့စကားတွေကိုကြားသွားပြီးအသိတရားပြန်ဝင်လာတာတော့မဖြစ်နိုင်လောက်ဘူးမလား?ဒါဆို ဘာကများပြောင်းလဲသွားစေတာလဲ?

သူစိတ်တို့အနည်းငယ်ရှုပ်ထွေးနေ၏။အစကတည်းက သူဒီလိုအဖြေကိုမျှော်လင့်ထားခဲ့လို့ ဒီလိုအခြေအနေမျိုးကိုစတင်ခဲ့တာမဟုတ်။

[‘ရုပ်ရှင်ရုံပိုင်ရှင်၏ပုံတူ’သည် အကျပ်ရိုက်နေသည်။]

[‘ရုပ်ရှင်ရုံပိုင်ရှင်၏ပုံတူ’သည်ဇာတ်ကောင်‘ယူဂျွန်ဟော့’အပေါ် သူ့ထိန်းချုပ်မှုကိုတိုးမြှင့်သည်။]

“Kuaaaack...!”

ယူဂျွန်ဟော့၏မျက်လုံးများထပ်မံကာဝေဝါးလာပြန်၏။

တကယ်ပါပဲ။သူမျှော်လင့်ချက်ရောင်ခြည်တို့အားခံစားခဲ့ရပေမဲ့ ယူဂျွန်ဟော့တစ်ယောက်သူ့ဘာသာသူအသိပြန်ဝင်လာစရာအကြောင်းမရှိပေ။အဲ့ဒီလိုမှမဟုတ်ရင် ယူဂျွန်ဟော့တစ်ယောက်Sunfishတစ်ကောင်ဖြစ်မှာမဟုတ်။အဲ့လူကိုယ့်ဘာသာကိုယ်သတ်မသေတာကိုပဲကျေးဇူးတင်ရပေမည်။အဲ့နောက်ယူဂျွန်ဟော့ဓါး၏အီသာမှာလှုပ်ခါလာသည်။

[ဇာတ်ကောင်‘ယူဂျွန်ဟော့’၏‘ကောင်းကင်ဖြိုခွဲစွမ်းအား’သည် ပိုမိုသန်မာလာသည်!]

တစ်ချိန်ထဲမှာပင် လွှဲပြောင်းခြင်းမှရရှိလာသည့်စကေးလ်များမှာလည်းပိုမိုသန်မာလာခဲ့၏။အဓိကဇာတ်လိုက်ရဲ့အရည်အချင်းတွေကိုပဲကျေးဇူးတင်ရမှာပေါ့လေ။

သူအပြင်းအထန်ရုန်းကန်နေရင်းဖြင့်ပင် အဖြူရောင်ကြယ်စင်စွမ်းအားမှာ တဖြည်းဖြည်းနှင့်လျှော့ကျလာခဲ့သည်။၎င်းဟာ စကေးလ်၏အကန့်အသတ်ကြောင့်ပဲလား သို့မဟုတ် အရည်အချင်းတို့ကွားခြားနေခြင်းကြောင့်လားမသိ။

သူအီဂီယောန်းကိုလှမ်းကြည့်လိုက်သည်။ကောင်လေးရဲ့နှာခေါင်းမှ သွေးတို့လျှံကျနေသည်ကိုမြင်လိုက်သည်နှင့် သူ‌စောင့်နေသောအချိန်ရောက်ပြီမှန်းသိလိုက်ရ၏။

“ဂျွန်ဟော့”

ကြည့်ရတာဒီနေ့ပြီးရင်တော့ ယူဂျွန်ဟော့မှာသူမတူအောင်ကိုသန်မာလာနိုင်သည်။သူယူဂျွန်ဟော့ဓါးအား ရှိသမျှအားတို့ဖြင့်တွန်းထုတ်လိုက်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now