အပိုင်း ၁၃၁ : ဇာတ်ကွက်ဖျက်ဆီးသူ (၁)

35 10 0
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦

𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

[သင့်အောင်မြင်မှုဆုလာဘ်အဖြစ် ဒင်္ဂါး၂၀၀၀၀၀အားရရှိခဲ့ပါသည်။]

[အဓိကပါဝင်သူများအတွက်ဆုကြေးအား လောလောဆယ်တွင်တိုင်ပင်နေပါသည်]

ယာမတနို အိုရိုချီ၏လူဝင်စား အီဇုမီသေဆုံးပြီးနောက် ဂျပန်လူဝင်စားများမှာ ချက်ခြင်းဆိုသလိုအရှုံးပေးလာကြသည်။ထိုသူတို့အားချုပ်ထိန်းထားသော အကြွင်းမဲ့ပုလ္လင်၏စွမ်းအားလျှော့နည်းပြိုပျက်လာပြီး ပုန်းကွယ်နေကြသော ကပ်ဘေးဆန့်ကျင်ရေး လူစုများပါအလျိုလျိုပေါ်ထွက်လာကြ၏။

“ကျေးဇူးတင်ပါတယ် ဂင်မ်ဒို့ဂျာ

စကားပြောလာသူ၏မျက်နှာအားသူမှတ်မိသည်။သူ့အားနှုတ်ဆက်လာသူမှာ သူအာဆူကာရမ်အားရှာတွေ့ခဲ့ရသကဲ့သို့ ယူဂျွန်ဟော့သွားရောက်တွေ့ဆုံခဲ့သောဂျပန်လူမျိုးများထဲမှတစ်ယောက်ပင်။သူခေါင်းငြိတ်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။“ကီဇုကီ ဟီရိုရှီ”

“မင်းငါ့ကိုသိတယ်?”

“ခင်ဗျားက တိုဆုက-နို-ဆုရုဂီကို လျို့ဝှက်ဇာတ်ကွက်ထဲမှာရခဲ့တယ်လေ”

“ဟိုး ဟုတ်တာပေါ့ဗျာ။ကြည့်ရတာ ယူဂျွန်ဟော့ဆီကကြားခဲ့ပြီးပုံပဲ”

ဒါပေါ့သူသည်ယူဂျွန်ဟော့ဆီကကြားခဲ့ရခြင်းမဟုတ်။၎င်းအားသိနေခြင်းငှာ သူသည်မူရင်းဝတ္ထုအားဖတ်ထားခဲ့ကြောင့်ဖြစ်၏။သူမှတ်မိတာသာမှန်မည်ဆို အနှီပုဂ္ဂိုလ်တွင် ဆုဆာနိုနှင့် ယာမတ နို အိုရိုချီ တို့၏ ဒဏ္ဍာရီလာပုံပြင်များနှင့်ဆက်နွယ်နေသောစပွန်ဆာတစ်ဦး‌ရှိနေလောက်သည်။

“မင်းက ခေါင်းရှစ်လုံးဦးသျှောင်ကိုသတ်နိုင်ခဲ့တာပဲ...မင်းကျေးဇူးကြောင့်ကိစ္စတော်တော်များများအဆင်ပြေသွားပြီ။ဒီအကြွေးကိုတစ်နေ့ကျငါကျိန်းသေပေါက်ကိုပြန်ပေးဆပ်ပါ့မယ်ကွာ”ကီဆုကီက ကျန်ရှိနေသောဂျပန်များအားဦးဆောင်ကာ ထွက်ခွာသွားသည်။

ကပ်ဘေးများဖြစ်လာကြသည့်ဂျပန်လူဝင်စားများဟာ သူတို့ဇာတ်ကွက်ကိုကျရှုံးသွားရင်တောင်မှမသေသည့်အချက်ပေါ်အခွင့်ကောင်းယူသွားကြလေသည်။အီဇုမီသည် ယာမတ နို အိုရိုချီ၏လူဝင်စားဖြစ်သော်ငြား ကီဇုကီသည်လည်းထက်မြတ်ကာအင်အားကြီးသည့်လူဝင်စားတစ်ဦးဖြစ်သည်။ထို့‌အတွက်ကြောင့် ထိုလူသည်တိုကျိုအမိုးခုံးဆီပြန်ရောက်အချိန်တစ်ခုကြာသည်အထိ လူဝင်စားများအားဦးဆောင်နိုင်ပေလိမ့်မည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now