အပိုင်း ၇ : ဇာတ်လိုက် (၂)

432 83 2
                                    

[စပွန်ဆာရွေးချယ်ခြင်းပြီးဆုံးပါပြီ]

လေထဲတွင်ပေါ်နေသောမက်ဆေ့ခ်ျအားကြည့်ရင်း အသက်ပြင်းပြင်းရှုလိုက်သည်။

[တချို့သောကြယ်တာရာများမှာ သင့်ရွေးချယ်မှုကြောင့်အလွန်စိတ်ထိခိုက်နေကြသည်]

ဟုတ်တယ်၊အခုစနေပြီ။

[ကြယ်တာရာ'မဟူရာမှောင်မိုက်မီးလျှံနဂါး'မှာသင့်ရွေးချယ်မှုအား အလွန်မကျေမချမ်းဖြစ်နေသည်]

[မှောင်မိုက်တိမ်နှင့် သက်ဆိုင်သောကြယ်တာရာများမှာ 'မှောင်မိုက်မီးလျှံနဂါး'၏ ဒေါသကြောင့် တုန်လှုပ်နေသည်။သင်သည် ယခုလောလောဆယ်တွင်မှောင်မိုက်တိမ်ကြယ်တာရာများ၏ မည်သည့်စပွန်ဆာမျိုးကိုမှ လက်ခံရနိုင်မည်မဟုတ်ပါ]

ဖြစ်သင့်သည့်မက်ဆေ့ခ်ျမျိုးမို့ သူ့အနေနှင့် သိပ်မအံ့ဩပေ။အငြင်းခံလိုက်ရသည်နှင့်သူ့ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုလုံးအားမောင်းထုတ်ဖို့လုပ်တယ်...ကြည့်ရတာဒီလူက မူရင်း၀တ္ထုထဲက ဂင်နမ်၀ူးရဲ့စပွန်ဆာဖြစ်နိုင်လောက်တယ်။တကယ့်ကိုဒီကြယ်တာရာရဲ့လူ၀င်စားလို့မပြောရဘူး။

[ကြယ်တာရာ'နတ်ဆိုးကဲ့သို့မီးတရားရှင်'မှာ သင့်အားစိတ်ပျက်သွားသည်]

[သူမသည်အနာဂတ်တွင်သင့်၏တရားမျှတမှုအားစဉ်ဆက်မပြတ်စောင့်ကြည့်နေလိမ့်မည်]

တမန်တော်ယူရီယယ်အနေနှင့်ကတော့ ၎င်းအားစိတ်ပျက်ရုံလောက်သာဖြစ်လိမ့်မည်။အစတည်းက အလုံးစုံကောင်းသည့် ကြယ်တာရာတစ်စုအနေနှင့် ကြီးကြီးမားမား မတရားမှုကျူးလွန်သည့်လူများမှလွဲ ကျန်လူများအားမုန်းတီးသည်ဆိုသည်မှာအလွန်ရှားပါးသည်။

[ကြယ်တာရာ'ပဟေဠိအကြံရှင်'မှာသင့်ရွေးချယ်မှုအားစိတ်၀င်စားသည်]

[ဒင်္ဂါး၂၀၀အားစပွန်ဆာပေးခဲ့သည်]

ပဟေဠိအကြံရှင်၏ကိစ္စမျိုးကတော့ ထင်မှတ်မထားသည်မျိုးပင်။ထိုလူ၏နာမည်ဂုဏ်ပုဒ်အားကြည့်ချင်းအားဖြင့် ထိုလူမှာသူ့သတိမူမှုအားတန်ဖိုးထားခြင်းမျိုးဖြစ်ကောင်းဖြစ်နိုင်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now