အပိုင်း ၆၁ : ဘုရင်တို့ရဲ့တိုက်ပွဲ (၃)

240 42 5
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

[ကြယ်တာရာ‘အိပ်စက်နေသောဘရိုကိတ်အမျိုးသမီး’သည်သင့်အဖြေကိုစောင့်ဆိုင်းနေသည်။]

ယုံကြည်ချက်အပြည့်ဖြစ်နေ‌ရှာသောမင်ဂျီဝန်းဘက်သို့သူပခုံးတွန့်ပြကာအကြောင်းပြန်၏။

“မလုပ်ချင်ဘူး”

သူမမျက်လုံးတွေမှာပြင်းပြင်းထန်ထန်တုန်လှုပ်သွားသည်။အမျိုးသားတစ်ချို့မှာလည်းပါးစပ်အဟောင်းသာဖြစ်ကုန်ကာ သရုပ်ဆောင်ဖြစ်သည့်မင်ဂျီဝန်းတောင်မှသူမအမူအရာကိုဖုံးကွယ်မထားနိုင်ချေ။သူမကမှင်တတ်သောလေသံမျိုးဖြင့်စကားပြောလာ၏။

“...ဟမ်?”

သူမသည်သူမကြားခဲ့သောစကား၏အမှန်တရားကိုလက်ခံရမည့်အစား နားကြားမှားသည်ဟုသာသံသယဝင်နေလေသည်။

“ကျွန်မနားကြားလွဲသွားသလားလို့...ရှင်ထပ်ပြောပါလား?”

“ငါမင်းရဲ့လက်အောက်ခံမဖြစ်ချင်ဘူး”

ဒင်္ဂါး၂၀၀၀လေးနှင့်သူမလက်အောက်ခံဖြစ်လာရမယ်ဆိုသည်မှာဟာသပင်။သူသူ့အနောက်တွင်စောင့်နေသောအဖွဲ့သားများကိုပြောလိုက်သည်။

“သွားရအောင် ငါတို့မြန်မြန်လုပ်မှရမယ်”

သူတို့တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်လာသည်နှင့်မင်ဂျီဝန်းတစ်ယောက် ပြာပြာသလဲလှမ်းအော်၏။

“ခဏနေပါဦး!မလောက်သေးဘူးဆိုကျွန်မဒင်္ဂါးတွေထပ်ပေးနိုင်တယ်။ကျွန်မစပွန်ဆာကိုကျွန်မပြောပေး—”

“မလိုပါဘူး”

“စောင့်ဦးလို့ပြောနေတယ်လေ!”

သူမသည်ရေးကြီးသုတ်ပြာပြေးလာပြီးသူသွားမည့်လမ်းအားပိတ်လိုက်သည်။သူမရဲ့လျင်မြန်ဖြတ်လတ်မှုlevelနှင့်ယှဉ်လျှင်ထိုလှုပ်ရှားမှုဟာတော်တော်လေးလျင်မြန်သည်ဟုဆိုလို့ရ၏။

“ရှင်ဒင်္ဂါး၂၀၀၀ရဲ့တန်ဖိုးကိုမသိဘူးလား?”

သူမမသိဘူးလား?ဒီလိုဒင်္ဂါး၂၀၀၀လောက်ကို သူခဏလေးနဲ့အလွယ်တကူရနိုင်တယ်ဆိုတာ။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now