𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪
“အ-အမ်?”
ရှေ့တန်းရှိလူတို့၏ခေါင်းများပြတ်ကျသွားသည်နှင့် ၎င်းတို့ပတ်ပတ်လည်ရှိ လူအများဟာလည်း ကြောက်ရွံ့မှုတို့ဖြင့် နောက်ပြန်ဆုတ်သွားကြ၏။
“သူသတ်လိုက်ပြီ!အဲ့ကောင်သတ်လိုက်တယ်!”
“သူက အသတ်မသတ်ခြင်းရဲ့ဘုရင်မဟုတ်လား?,ငါ့ကိုပြောခဲ့တာနဲ့တခြားစီပဲ!”
ကြောက်လန့်တကြားဖြစ်နေကြသောလူများဟာ သူတို့လက်နက်များအား ဆွဲကိုင်ကာရှေ့သို့တိုးထွက်လာကြသည်။သူ့အနေနဲ့ ထိုအသေးအဖွဲများအား ဖမ်းဖို့ရာ အထူးစကေလ်းတို့ပင် လိုအပ်မနေပါချေ။သူ သစ္စာဓားသွားအားသုံးကာ ပြေးနေသည့်လူများအားခုတ်ချ၏။
“အားးး!”
သူ့အနားဝန်းရံထားသည့် သူများအား သေသေသပ်သပ်ပင် ဖျက်ဆီးပစ်လိုက်သည်။နောက်ဆုံးလက်ကျန်လူဟာ ကိုယ်နှစ်ခြမ်းပြတ်သွားသည့်အချိန်မှာတော့ စတင်ကာ ဆိုးဆိုးဝါးဝါးအော်ဟစ်တော့၏။သူ ထိုရုန်းကန်နေရသည့်သူအားဓားဖြင့်စိုက်ချ၏။သူလုပ်နေသည့်အမှုတို့တွင် တုံ့ဆိုင်းခြင်း တစိုးတစေ့မျှ ပါရှိမနေ။
“သူ့မှာ စကေလ်းအဲ့လောက်ရှိနေတဲ့အကြောင်း မကြားထားမိဘူး”
“ထွက်ပြေးကြ!”
ယခုမတိုင်ခင်အထိ သူ့အားဘယ်သူပဲ လာရောက်တိုက်ခိုက်နေပါစေ မသတ်မိစေရန်ကြိုးစားခဲ့သည်။ဒါပေါ့ သူ့အနေနဲ့ အသတ်မသတ်ခြင်းဘုရင်ကို မဆုံးရှုံးချင်။သူ ထိုအပြုအမူအား ထပ်တလဲလဲ စောင့်ထိန်းလာရသည့်အချိန်မှာတော့ သူ့တွင် အသက်မသတ်မိစေရန်ချုပ်ထိန်းရသည့် အကျင့်ဖြစ်တည်လာနေချေပြီ။
အခုကမူ မတူ။အကယ်၍သူသာ ထိုကဲ့သို့မပြုမူပါက ဟာကွက်တစ်ခုဖန်တီးပြီးသားဖြစ်သွားလိမ့်မည်။ထိုဟာကွက်ကား မရေမတွက်နိုင်သော ဟိုင်အီနားများကို အနာဂတ်တွင် ပေါ်ထွက်လာစေလိမ့်မည်။သူဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက် သူ့လက်တို့၌ တုံ့ဆိုင်းခြင်းဆိုတာမရှိတော့။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)