အပိုင်း၉၅ : ပြိုင်စံရှား (၄)

167 37 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ထိုညတွင်ကလေးမ‌လေးမသေခဲ့။ယူဆန်းအာသည်ထိုကလေးအားမသတ်ချင်သလို သူသည်လည်းသဘောတူခဲ့၏။

“လုပ်ချင်သလိုသာလုပ်ကြတော့”ဟုဆိုကာဟန်ဆူယုန်းတစ်ယောက် စိတ်ဆိုးမာန်ဆိုးတတွတ်တွတ်ရေရွတ်ရင်း သူနှင့်ယူဆန်းအာအားအဆောက်အအုံပျက်ကြီးထဲချန်ရစ်ကာထွက်သွားတော့၏။ကလေးမမှာ အဓိကမှတ်ကိုတိုက်ခိုက်ခြင်းကြောင့် ခဏတာလှုပ်ရှားမှုတို့ရပ်တန့်နေသည်။အိပ်မောကျနေသောကလေးမ၏ဆံပင်အား ယူဆန်းအာတစ်ယောက်ခပ်ဖွဖွပွတ်သပ်ရင်း အသံနက်နက်ဖြင့်ပြော၏။

“သူမကကပ်ဘေးလား?”

“အင်း”

“ဒို့ဂျာရှီ ဒါကိုရှင့်စွမ်းရည်နဲ့သိတာလား?”

“သူနဲ့တူတာမျိုး”

ရှင်သန်ရာနည်းလမ်းများမှ စာသားအားသူပြန်အမှတ်ရမိ၏။

⎾ ပဉ္စမဇာတ်ကွက်ရဲ့နောက်ဆုံးကပ်ဘေး။ဖုံးလွှမ်းကပ်ဘေးသည် အန္တရာယ်အများဆုံးနှင့်ဝမ်းနည်း‌ဖွယ်အကောင်းဆုံးသောကပ်ဘေးဖြစ်သည်။ ⏌

ယူဆန်းအာမှာသူမနှုတ်ခမ်းအားဖိကိုက်ထားရင်းမေး၏။“သူမကမေးခွန်းများကပ်ဘေးနဲ့အတူတူပဲလား?”

“တူတော့တူပေမဲ့ နည်းနည်းကွဲတယ်”

ဖုံးလွှမ်းကပ်ဘေး ။အကယ်၍သူမသာသူမစွမ်းအားများအားလုံးကိုအသုံးပြုခဲ့မည်ဆို မေးခွန်းများကပ်ဘေးနှင့်တောင်ယှဉ်၍မရသည့်ကပ်ဘေးဖြစ်သည်။မေးခွန်းများကပ်ဘေးဟာဂန်ဒုန်-ဂု၌သာသက်ရောက်သော်ငြား ဖုံးလွှမ်းကပ်ဘေးကတော့မတူ။သူမစွမ်းအင်ဖြင့် တစ်နာရီမပြည့်ခင်မှာပင် ဆိုလ်းတစ်ခုလုံးအားဖျက်ဆီးပစ်နိုင်၏။

“ကျွန်မဘယ်လိုပဲကြည့်ကြည့်ကပ်ဘေးနဲ့ကိုမတူဘူး။ဒီကလေးမက ဒီငါးရက်အတွင်းကပ်ဘေးဖြစ်လာနိုင်လို့လား?”ယူဆန်းအာကအံ့ဩနေသည်။

တကယ်တော့ယူဆန်းအာမှန်၏။အခုလက်ရှိတွင် ထိုကလေးမသည်ကပ်ဘေးမဟုတ်။

[မူပိုင်စကေး ဇာတ်ကောင်ဇယားကိုအသက်သွင်းသည်။]

+

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now