အပိုင်း ၄၃ : အနာဂတ်စစ်ပွဲ (၂)

287 53 3
                                    

Unicode

သူ့လက်ချောင်းများအလံကို ဆုပ်ကိုင်မိလျှင်မိချင်း သူ့ခန္ဓာကိုယ်တွင်းပြင်းထန်သည့်စွမ်းအားတစ်ချို့ထွက်ပေါ်လာနေသည်ကိုခံစားမိသည်။မူရင်းအတိုင်းဆို တတိယအကြိမ်ယူဂျွန်ဟော့တစ်ယောက်ရရှိရမည့်စွမ်းအားမျိုးဖြစ်ပေမဲ့...ကိစ္စမရှိပါဘူးလေ။

အဲ့ကောင်ကသန်မာပြီးသားပဲ မဟုတ်လား?

[ဂင်မ်ဒို့ဂျာသည် အလံဖြူကိုသိမ်းပိုက်ထားသည်။]

[နောက်ငါးမိနစ်အတွင်းအလံဖြူ၏ပိုင်ရှင် မပြောင်းလဲခဲ့ပါလျှင် ချွန်းမူရိုသည်ထိုပုဂ္ဂိုလ်၏ထိန်းချုပ်မှုအောက်တွင်တည်ရှိနေမည်။]

[အလံသည်နောက်ငါးမိနစ်အတွင်းအလုခံရပါက အချိန်အားအစမှပြန်မှတ်မည်ဖြစ်သည်။]

အဲ့နောက်timerတစ်ခုလေထဲထွက်ပေါ်လာ၏။

[၅:၀၀]

ဂွန်ဖီလ်ဒူမှာဖြူဖတ်ဖြူရော်မျက်နှာနှင့်အတူသူ့အားလက်ညိုးထိုးပြ၏။

“အလံကိုယူကြ!မင်းတို့ငါးမိနစ်အတွင်းပဲလုဖို့လိုတယ်!”

‌မြေရှင်အဖွဲ့သားတွေမှာ‌နောက်ကျမှအသိဝင်ကာ သူ့ထံသို့စတင်ပြေးလာကြလေသည်။

အို ...ဟိုး အဲ့လိုပေါ့?

အီဟွန်းဆန်းမှာသူ့ဖက်လှည့်လာကာ-

“ဒို့ဂျာရှီ!”

“ဟွန်ဆန်းရှီ!”

တစ်ချိန်တည်းပင် သူတို့တစ်ယောက်ကိုတစ်ယောက်အော်ခေါ်လိုက်၏။အဲ့နောက်သူ့လက်ထဲမှဟာကြူလီဒိုင်းအားအီဟွန်းဆန်းလက်ထဲသို့ပစ်ပေးလိုက်သည်။

“ဒ-ဒါက?”

“မင်းအတွက်ယူလာတာ။အရင်ကသုံးခဲ့တဲ့ဟာကိုလွှတ်ပစ်လိုက်တော့”

အီဟွန်းဆန်း၏မျက်နှာထက် အပြုံးပန်းကြီးတစ်ခုပွင့်လာပြီး

[ဇာတ်ကောင်‘အီဟွန်းဆန်း’သည်မူပိုင်စကေးလ် ‘ဧရိယာကျယ်ကာကွယ်ရေး’ကိုအသုံးပြုထားသည်!]

ဟာကြူလီဒိုင််းအားဗ‌ဟိုပြုကာကြည်လင်နေသောဒိုင်းတစ်ခု သူ့အဖွဲ့အားဝန်းရံထား၏။၎င်းသည် Aအဆင့်ပစ္စည်းတစ်ခုတွင်ပါရှိသောဒုတိယမြောက်စကေးလ်တစ်ခုဖြစ်ချေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now