မြေအောက်ရထားဟာ ဒုန်းဟိုတံတားအကျော် လမ်းတ၀က်တွင်ရပ်သွားသည်။
"ဘုရားရေ..."
အသက်ရှင်ကျန်သူများမှာ မတ်တပ်ရပ်ကာအပြင်ဘက်ရှိ မြင်ကွင်းတွေအားကြည့်ရှုနေ၏။ဆိုးလ်မြို့ပျက်နှင့်အတူ ပြိုကျနေသည့်အဆောက်အဦးများနှင့်အတူ ပျက်ကျနေသည့်တိုက်လေယာဉ်အားဧရာမမြွေကြီးတစ်ကောင်ကရစ်ပတ်ကာထိုအပျက်အစီးတွေအား စားသောက်နေသည့်ပုံရိပ်တွေဟာ ဟန်မြစ်၌နေရာယူထား၏။
"ဘ-ဘယ်လိုတောင်...!"
အခ်ျသီယိုဆောတစ်ကောင်ဖြစ်တဲ့ ထိုအကောင်ကြီးအား သူမှတ်မိသည်။ထိုဧရာမသတ္တဝါကြီးမှာ
ရေနေမြွေနဂါးတစ်ကောင်ဖြစ်ပြီး ရှင်သန်ရာနည်းလမ်းများ၏ အဆင့်၇ ရှိ ဒဏ္ဍာရီလာသတ္တဝါအဖြစ်နောင်တစ်ချိန်တွင်ဖော်ပြခံရမည်ဖြစ်သည်။ထိုအခ်ျသီယိုဆောမှာ သူတို့ရှိရာဖက်သို့လှည့်လာသည်။
"အ-အားးး! အဲ့တာကြီးလာနေပြီ!"
လူတိုင်းဟာကြောက်လန့်တကြားဖြင့်အော်ဟစ်လာကြသည်။သူကတော့ ချဉ်းကပ်လာသည့်ထိုသတ္တဝါမှာ အန္တရာယ်မဖြစ်စေနိုင်မှန်းသိထားသည်မို့ ဒီတိုင်းသာကြည့်နေမိသည်။
Kururururung!
(T/N~အခ်ျသီယိုဆောဆိုတာ ဒိုင်နိုဆောခေတ်တုန်းကရှိခဲ့တဲ့ တွားသွားရေနေသတ္တဝါတစ်မျိုးပါ။ပြီးတော့ကိုယ်တချို့SFXတွေမပြန်ပါဘူးနော် ပြန်ရင် ခူးခလူးခလူးးးတွေ အုံးအုံးဂွမ်းဂွမ်းတွေ ဖြစ်ကုန်မှာဆိုးလို့ပါ(─.─||))
ထိုအခ်ျသီယိုဆောကြီးမှာ ဒုန်းဟိုတံတားအောက်ခြေမှာလှည့်ပတ်နေပြီး မကြာခင်မှာပင်လေထုထဲသို့ပျောက်ကွယ်သွားတော့သည်။
ရှင်သန်ရန်နည်းလမ်းများ၏ကမ္ဘာမှာ 'ဇာတ်ကွက်များ'အားရှိသမျှအရာ အားလုံးထက်ဦးစားပေးထားသည်။'ဇာတ်ကွက်'၏ကာကွယ်ပေးမှုအားခံထားရသရွေ့ သူတို့အနေနှင့်ဒီလိုသတ္တဝါတွေအား ချက်ခြင်းကြီးတော့ ရင်မဆိုင်ရနိုင်သေးပေ။ခုလောလောဆယ်ပေါ့။
[အခကြေးငွေပေးဆောင်ခြင်းမှာ ထင်မှတ်မထားသောဇာတ်ကွက်အပြောင်းအလဲများကြောင့်ကြန့်ကြာနေပါသည်။စုံစမ်းစစ်ဆေးဆဲဖြစ်သည့်အတွက်ခေတ္တခဏစောင့်ဆိုင်းပေးပါ]
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)