အပိုင်း ၂၉ : မြေရှင် (၃)

337 56 3
                                    

ယူဂျွန်ဟော့ကအီဟွန်းဆုန်းမှလွဲကျန်လူများအားကြည့်နေ၏။ကျန်လူသုံးယောက်မှာအတူတကွမတ်တတ်ရပ်နေကြတာဖြစ်သည့်အတွက်ယူဂျွန်ဟော့မည်သူ့အားကြည့်နေသလဲဆိုတာသူ့မခန့်မှန်းနိုင်။

⌈...အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?⌋

ယူဂျွန်ဟော့ကဘယ်သူ့ကိုကြည့်နေတာလဲ? သူမေးကြည့်ချင်ပေမဲ့ သူသာမေးမယ်ဆိုသူ့စကေးလ်ပေါ်သွားမှာကိုလည်း ကြောက်နေရသေးသည်။ယူဂျွန်ဟော့အတွေးများအားသူသိနေသည်ဆိုတာ ထိုလူမသိသေးပေ။သို့သော်လည်း သူ့အထင်ယူဂျွန်ဟော့ကဂျောင်ဟီး၀န်ရဲ့အချက်အလက်တွေကိုမြင်သွားတာဖြစ်နိုင်သည်။ဂျောင်ဟီး၀န်ကယူဂျွန်ဟော့ရဲ့အကြည့်ကိုတွေ့သွားပြီး ထိပ်တိုက်မေးတော့၏။

“ခင်ဗျားဘာကြည့်တာလဲ?”

⌈…⌋

Good Job,ဂျောင်ဟီး၀န်။

⌈သတ်လိုက်သင့်လား?...⌋

“ယူဂျွန်ဟော့”

သူအစောတလျင်ပြောလိုက်၏။

“ငါတစ်ခုသိချင်တယ်။”

ယူဂျွန်ဟော့မှာသူ့ဘက်သို့လှည့်လာပြီး မျက်၀န်းတွေမှာအမေးထုတ်နေသယောင်။

“ဘာလို့ဂွန်ဖီလ်ဒုတစ်ယောက်တည်းကိုချန်ထားတာလဲ?”

“မင်းသာရှေ့ဖြစ်ဟောသူဆို သိသင့်တယ်”

“ငါအကုန်မသိနိုင်ဘူး”

အမှန်တိုင်းပြောရရင် သူအကုန်လုံးကိုမမှတ်မိ။

[ဇာတ်ကောင်‘ယူဂျွန်ဟော့’သည်‘မုသားဖော်ထုတ်ခြင်း’စကေးလ်အားအသုံးပြုခဲ့သည်။]

[ဇာတ်ကောင်ယူဂျွန်ဟော့သည်သင့်စကားများအမှန်ဖြစ်ကြောင်းအတည်ပြုခဲ့သည်။]

ယူဂျွန်ဟော့ကစေ့စပ်သေချာသည်။

“...အမှန်ပဲကို ငါသိပြီ။‘အနာဂတ်မြင်ကွင်း’levelနိမ့်နေတဲ့ရှေ့ဖြစ်ဟောသူပဲ”

မင်းထင်ချင်သလိုသာထင်။ယူဂျွန်ဟော့ကဆက်ပြောလာသည်။

“ဂွန်ဖီလ်ဒုအသက်ရှင်ဖို့လိုတယ်”

“အဲ့တာအနာဂတ်ဇာတ်လမ်းကြောင့်လား?”

ယူဂျွန်ဟော့ ပြန်မဖြေ။ထိုလူဟာသူသိသည့်အချက်အလက်တွေကို ခန့်မှန်းရန်ကြိုးစားနေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now