အပိုင်း ၈၃ : 𝘚𝘚𝘚 အဆင့်အရည်အချင်း (၃)

199 39 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘋𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ကပ်ဘေးဥက္ကာခဲအားနှိုးရန်နည်းလမ်းသုံးမျိုးရှိသည်။

ပထမနည်းမှာ ဥက္ကာခဲအားဇာတ်ကွက်နှင့်အညီပေါက်ဖွားစေခြင်းဖြစ်ပြီး ဒုတိယနည်းမှာကပ်ဘေးဥက္ကာခဲ၏စွမ်းအားကိုငှားယူရန်ဖြစ်သည်။တတိယဖြစ်သည့်အမြန်ဆုံးနည်းမှာတော့ ကပ်ဘေးဥက္ကာခဲအားမှော်စွမ်းအားထောက်ပံ့ပေးရမည်ဖြစ်၏။

အီဆိုးလ်ဟွာ၏အဖွဲ့သားများစွာဟာ ဆုတောင်း‌နေကြပြီး မှော်စွမ်းအားခပ်ဖျော့ဖျော့တို့ထိုသူတို့၏ခန္ဓာကိုယ်မှထွက်ပေါ်ကာဥက္ကာခဲဆီသို့စီးဆင်းနေကြလေသည်။

သားဖောက်ခြင်းအခမ်းအနား။ထိုသူတို့တတိယနည်းအား‌ရွေးချယ်ခဲ့ကြ၏။ထိုကပ်ဘေးဥက္ကာခဲပြင်းပြင်းထန်ထန်လှုပ်ခတ်နေသည်ကိုကြည့်ခြင်းအားဖြင့် နောက်မိနစ်၃၀အတွင်း ကပ်ဘေးကြီးပေါက်ဖွားလာတော့ပေမည်။

သူအီဆိုလ်းဟွာကိုကြည့်ရင်းပြော၏။

“တော်လိုက်တော့။အားလုံးအတူ မသေချင်ရင်”

”...”

“မင်းဘယ်လိုတောင်တွေးနေတာလဲ”

ထူးဆန်းတယ်။

မူရင်း၏တတိယမြောက်ပြန်လည်ရှင်သန်ခြင်းတွင် ထိုကပ်ဘေးစွမ်းအားကိုငှားယူအသုံးချသူရှိရင်တောင်မှ ကပ်ဘေးအားနှိုးရလောက်သည်အထိရူးနှမ်းနေသည့်လူမျိုးမရှိခဲ့။

ယူဂျွန်ဟော့ကထိုကိစ္စကိုသိသည့်အတွက် အီဆိုလ်းဟွာဆီကြိုသွားခဲ့တာဖြစ်လောက်၏။

“ဥက္ကာခဲကိုသားပေါက်နေတာရပ်လိုက်တော့။အဲ့တာဆိုမင်းအသက်ကိုချမ်းသာပေးမယ်”

အီဆိုလ်းဟွာကသူ့အားတိတ်တဆိတ်ကြည့်ကာပြော၏။

“မလုပ်ရင်ရော?”

“ဒါဆိုမင်းဒီမှာပဲသေရမယ်”

အဆိပ်မယ်အီဆိုလ်းဟွာ၏မျက်နှာထက် လှောင်ပြောင်သရော်မှုတို့ထွက်ပေါ်လာသည်။သူမလက်များ‌လှုပ်ရှားသွားသည်နှင့် ကပ်ဘေးအားဆုတောင်းနေသည့်လူများ သူရှိရာဘက်သို့တစ်ပြိုင်တည်းလှည့်ကြည့်လာ၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now