အပိုင်း ၂၅ : တရားစီရင်ချိန် (၃)

348 64 4
                                    

Unicode
Scroll Down for Zawgyi

နောက်တစ်နေ့မနက် ဂွမ်ဟိုဘူတာရုံတွင်အပြောင်းအလဲတစ်ချို့ဖြစ်ပေါ်လာသည်။

ပထမဆုံးအနေနှင့် ဟန်မြောင်အိုပျောက်သွားခဲ့သည်။
ထိုလူဟာတိုက်ပွဲစသည့်အချိန်၌ပုန်းခိုနေခဲ့ပြီးနောက် ပြီးဆုံးသွားသည့်အချိန်တွင်တော့ပျောက်ကွယ်သွားခဲ့၏။အဲ့လူတစ်နေရာရာ၌ပုန်းခိုနေသလား သို့မဟုတ်နောက်ဘူတာသို့ပဲထွက်ခွာသွားခဲ့ပြီးလား ဆိုတာသူ မသိ။

“ခုလောလောဆယ်သူ့ကိုစိတ်ပူမနေနဲ့တော့။အစောကြီးထဲကအဲ့လူကိုသဘောမကျတာ။နောက်ပြီး သူတစ်ယောက်ထဲပျောက်သွားတာလဲမဟုတ်ဘူး”

ဂျောင်ဟီး၀န်မှာပြောလာသည်။မနေ့ကတိုက်ပွဲအပြီးတွင်ဂွမ်ဟိုဘူတာ၏ကျန်ရှိသောလူအရေအတွက်မှာ မရှိသလောက်ကဲ့သို့ပင်ဖြစ်သွားခဲ့၏။

အသက်ရှင်ကျန်ရစ်သူအနည်းငယ်သာရှိသည်တော့လည်းမဟုတ်။မူရင်းဇာတ်ကြောင်းနှင့်ယှဥ်လျှင်အသက်ရှင်ကျန်ရစ်သူပိုများ၏။
သို့သော် အသက်ရှင်ကျန်ရစ်သူအများစုမှာ မနေ့ညကပင် ဘူတာရုံမှထွက်ခွာသွားကြလေသည်။ကြည့်ရတာသူတိူ့အကြောင်းနှင့်သူတို့ရှိပုံရ၏။

“...ကျန်တဲ့လူတွေရောအဆင်ပြေပါ့မလား?”

ယူဆန်းအာက ရှင်ကျန်သူများအားကြည့်ကာမေးလာ၏။

သူ၊ယူဆန်းအာ၊အီဟွန်းဆန်း၊အီဂီယောန်းနှင့်ဂျောင်ဟီး၀န် သူတို့ငါးယောက်မှလွဲ နောက်ထပ်လူငါးယောက်ဒီဘူတာတွင်ကျန်ရှိသေးသည်။

ဂျောင်ဟီး၀န်ကအရင်စပြောသည်။

“ဟေးအားလုံး။ငါတို့နဲ့လိုက်မလား?”

ဂျောင်ဟီး၀န်ရဲ့ပေါ့ပေါ့ပါးပါးစကားလုံးတွေဟာ လူတို့ကြားလှုပ်ခတ်သွား၏။ဦးဆောင်သူမှာ ကလေးငယ်တစ်ယောက်၏လက်အားကိုင်ထားသောအမျိုးသမီးငယ်တစ်ဦးဖြစ်သည်။

“...ငါတို့သက်သက်စီပဲခွဲသွားတော့မယ်။နောက်ပြီးငါတို့မှာဒင်္ဂါးနည်းနည်းကျန်နေသေးတယ်။”

ထိုကလေးနှင့်အမေတို့အတွဲ ဒီသွေးသံရဲရဲတိုက်ပွဲကြားအသက်ရှင်နေသေးသည့်အတွက် သူစိတ်ရင်းနှင့်ကိုလေးစားမိသည်။သူမမှာထိုကဲ့သို့ခွန်အားမျိုးရှိလျှင် သူတို့နှင့်မလိုက်လည်းအသက်ရှင်ကျန်လိမ့်မည်ဖြစ်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now