အင်တာနက်၊မဖြစ်နိုင်တာပဲ။
ဇာတ်ကွက်စတင်ခဲ့ကတည်းက ဒိုကဲဘီချန်နယ်လ်များအသက်ဝင်လာမှုကြောင့်ဆိုလ်းအနှံ့အပြားရှိအင်တာနက်လိုင်းများပြတ်တောက်သွားခဲ့သည်။
မဟုတ် နေပါဦး။ဒါကဒွန်မြိုဘူတာရုံပဲ...အာဟုတ်သား။ဒါဆို အင်တာနက်ကဖြစ်နိုင်တယ်ပေါ့?
အီဆန်းကွတ်မှာသူ့အား စိတ်မအေးသောအကြည့်တို့ဖြင့်ကြည့်လာပြီးနောက် စကားစ၏။
“တဆိတ်လောက် ယူဂျွန်ဟော့နင်မ်?”
“ဘာလဲ?”
“ကျွန်တော်တို့ရောက်ပြီ။ခေါင်းဆောင်ကအထဲမှာစောင့်နေပါတယ်”
ပလက်ဖောင်း၏အလယ်နေရာတွင်ယာယီအကြမ်းထည်ထိုးထားသောဆိုဒ်အလတ်စားရွက်ဖျင်တဲတစ်ခုကိုတွေ့လိုက်ရ၏။ခေါင်းဆောင်တွင်အမျိုးအစားကောင်းမွန်သောပစ္စည်းများရှိလေသည်။
“သွားရအောင်”
အီဆန်းကွတ်ကခေါင်းအားညွတ်ကာသူ့အားညွှန်ပြသည်။တဲအတွင်းပိုင်းမှာအတော်လေးသက်တောင့်သက်သာရှိလှသည်။၎င်းမှာစုတ်ပြတ်နေသည့်တဲအိုတစ်လုံးအတွက်မယုံနိုင်လောက်စရာကိုအဖိုးတန်ပစ္စည်းများဖြင့်ပြည့်နေ၏။
တဲထဲ၌ကော်ဇော်နီတစ်ချပ်နှင့် ဇိမ်ခံဟိုတယ်မှခိုးလာခဲ့သောခုတင်တစ်လုံးရှိပြီး အစည်းအဝေးပြုလုပ်ရန်စားပွဲဝိုင်းတစ်လုံးနှင့်အတူ ကွန်ပြူတာတစ်လုံးတင်ထားသည့်စားပွဲသေးလေးတစ်ခုံလည်းပါရှိသည်။
၎င်းတို့ထဲမှစိတ်ဝင်စားစရာအကောင်းဆုံးမှာ ကောင်လေးတစ်ယောက် အင်တာနက်အားအာရုံစူးစိုက်ကာကြည့်နေခြင်းပင်။ကောင်လေးပုံမှာအီဂီယောန်းထက်နှစ်အနည်းငယ်မျှသာကြီးမည့်ပုံပေါ်ပြီး မျက်ကွင်းများမှာညိုမည်းနေကာညဝတ်အင်္ကျီဝတ်ဆင်လျက်ထိုင်ခုံပေါ်တွင်ထိုင်နေ၏။
နောက်ပြီး အပြာရင့်ရောင်အလံတစ်ခုအားသူ့လက်မောင်းတို့ကြား တင်းတင်းကြပ်ကြပ်ပိုက်ထားလေသည်။အံ့ဩဖွယ်ရာပဲ။အနှီကောင်လေးမှာ ဘုရင့်လမ်း၏ထက်ဝက်ကိုပင်ကျော်လာခဲ့ချေပြီ။
YOU ARE READING
အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)