အပိုင်း ၄၀ : အလုံးစုံသိနေငါး (၅)

256 54 4
                                    

အေးစက်စက်အထိအတွေ့ဟာသူ့လက်ချောင်းများကိုထုံကျဉ်စေသည်။သေစမ်း ငါတကယ်ကြီးအဲ့ကောင်ကိုထိုးပစ်ချင်တယ်။ဒါပေမဲ့...

တစ်ခုခုထူးခြားနေသည်။

“...ယူဂျွန်ဟော့?”

ထိုလူဟာနောက်လှည့်မကြည့်။ငွေဖြူရောင် အော်ရာ(aura)များယူဂျွန်ဟော့၏ခန္ဓာကိုယ်တွင်စီးဆင်းနေကာ ထိုအော်ရာ(aura)ထံမှ နမိတ်မကောင်းမှုတို့ခံစားလိုက်ရပြီးနောက် သူ့ဆံပင်တို့ပါထောင်ထလာတော့၏။

သူအလိုလို နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။သေသေချာချာကြည့်မယ်ဆို ထိုအော်ရာဟာ ရှစ်လွှာမြောက်၏ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေသောအဘိုးအိုနှင့်ဆက်နွယ်နေသည်။သူ ထိုအဘိုးအိုအား‌တွေ့လိုက်ရသည့်တခဏ၌ အရာအားလုံးအားနားလည်လိုက်၏။

[‘ရုပ်ရှင်ရုံပိုင်ရှင်၏ပုံတူ’ပေါ်ထွက်လာသည်။]

...သေစမ်းဒီလိုတောင်ဖြစ်လာပြီပဲ။ယူဂျွန်ဟော့ထံမှဖြူလွင်လွင်အော်ရာတို့ထွက်ပေါ်လာပြီး ဖြေးဖြေးချင်းသူ့ဘက်သို့လှည့်လာတော့သည်။၎င်းဟာအဆိုးဆုံးအခြေအနေပင်။

[‘ရုပ်ရှင်ရုံပိုင်ရှင်၏ပုံတူ’သည် ဇာတ်ကောင်‘ယူဂျွန်ဟော့’ကိုထိန်းချုပ်ထားသည်။]

ကြက်သီးများသူ့ခန္ဓာကိုယ်အနှံ့ထလာပြီးအသိစိတ်လွတ်နေသည့်ထိုလူထံမှ ကြောက်မက်ဖွယ်လူသတ်‌ချင်စိတ်တို့မြှင့်တတ်နေသည်ကိုခံစား‌နေမိ၏။အခုချိန်တွင်ဒီလူကို တားနိုင်မည့်‘ဇာတ်ကောင်’ဒီလောကတွင်မရှိပေ။

[ဇာတ်ကောင်‘ယူဂျွန်ဟော့’သည် ‘လက်ဖဝါးတွန်းအား Lv.4’ ကိုအသုံးပြုသည်!]

သူပါးစပ်ဟနိုင်ရုံလေးပဲရှိသေး။

“ခ-ခဏနေပါဦး!”

ခွမ်းးးးးး!

သူ့ရင်ဘတ်၌ပြင်းထန်သောနာကျင်မှုအားခံစားလိုက်ရပြီး အသိစိတ်များလွတ်ထွက်သွား၏။ယူဂျွန်ဟော့ သူ့ထံသို့ပြေးဝင်လာသည်နှင့်အတူ သူ့ခေါင်းထဲတွင်လည်းစာမျက်နှာများလှန်လှော်နေသည်။

{...၈ကြိမ်မြောက်ယူဂျွန်ဟော့သည်အားနည်း‌သောကြောင့် ရုပ်ရှင်ရုံဒန်ဂျင်ထဲတွင်သေဆုံးခဲ့သည်မဟုတ်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now