အပိုင်း ၇၃ : ဘုရင်မဲ့ကမ္ဘာ (၄)

195 41 1
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ဟန်ဆူ‌ယုန်းမှာလှောင်အိမ်ထဲပစ်ထည့်ခံထားရသည်။

သူမသည်သတိလစ်နေပြီး သူ သူမဆီကအလံယူပြီးနောက်မှော်စွမ်းအားလျှော့နည်းသွားတာဖြစ်နိုင်၏။

သူမသည်စာရေးဆရာတစ်ယောက်ဖြစ်သည့်အတွက် ဒီအနားတစ်ဝိုက်တွင်ရှိသူမနှင့်သက်ဆိုင်သော
စီမံခန့်ခွဲရေးသို့မဟုတ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုကြောင့် ဒီနေရာအနီးတစ်ဝိုက်သို့အပို့ခံလိုက်ရခြင်းဖြစ်ပေမည်။

“မင်းလေးကတော်တော်လေးလှတာပဲ?ဟေးမင်းသူ့ကိုမထိရသေးဘူးမလား?”

“ဟင့်အင်း။ကြယ်တာ‌ရာတွေဒီနေရာမှာစုနေမှန်းငါသိတယ်”

[မဖွယ်မရာများအားနှစ်သက်သောကြယ်တာရာသည် စိတ်လှုပ်ရှားနေသည်။]

[အနည်းငယ်သောကြယ်တာရာများတွင် ကာမရာဂစိတ်ပြင်းပြနေသောမျက်လုံးများရှိနေကြသည်။]

ဟန်ဆူယုန်း၏စုတ်ပြဲနေသောဂျင်းဘောင်းဘီအောက်မှ ဖြူလွှလွှအောက်ခံပေါ်နေပြီး ‌ထိုအနားရှိ‌‌ယောင်္ကျားများမှာ မည်သူအရင်ဆိုတာကို စုံစံစိပင်ချနေကြပြီဖြစ်၏။

သံတိုင်များအနောက်ဟန်ဆူ‌‌‌ယုန်းကိုကြည့်လိုက်သည်။သူဘယ်လိုပဲကြည့်ကြည့် တစ်ခုခုဖြစ်မည့်ဟန်တော့မပေါ်။

....

ဒီအမျိုးသမီးသာအသက်ရှင်ကျန်နေမယ်ဆို အနှောင့်အယှက်သာဖြစ်လိမ့်မည်။သူမသည် သူကလွဲဒီကမ္ဘာကြီးနှင့်ပတ်သတ်သည့်အကြောင်းအရာအများစုအား သိရှိထားသူဖြစ်သည်။

အခုလက်ရှိဇာတ်ကွက်များမှာ သုံးကြိမ်မြောက်နှင့်လေးကြိမ်မြောက်ပြန်လည်ရှင်သန်ခြင်းတို့မှလုံးဝကွဲပြားသွားပြီဖြစ်သည့်အတွက် သူမသိရှိ‌ထားသောအကြောင်းအရာများမှာအသုံးမဝင်တော့မည်မဟုတ်။သို့သော်...

သူထိုအကြောင်းအားတွေးမိသည့်ခဏမှာပင် သူကိုယ့်သူရွံရှာမိ၏။

...ဘာလို့ဒီကိစ္စကိုတွေးပူနေရတာလဲ?

အနာဂတ်တွင် အန္တရာယ်ရှိလာနိုင်သည့်လူတစ်ယောက်ကိုသုတ်သင်ပြီး အသုံးဝင်နိုင်လူကိုတော့ကယ်တင်ရမည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now