အပိုင်း ၄၆ : အနာဂတ်စစ်ပွဲ (၅)

262 50 7
                                    

Unicode
Scroll down for Zawgyi

ရုပ်ရှင်ရုံမှထွက်လာပြီးနောက် အီဟွန်းဆန်းနှင့်ယူဆန်းအာတို့နှင့်အတူ မြောန်ဒုန်းဘူတာသို့တန်းသွားကြသည်။ဒွန်မြိုဘူတာရုံမှာအရေးကြီးသည်ဆိုသော်ငြားလည်း ဦးစွာလုပ်ဆောင်ရမည့်အရာတစ်ခုရှိသေးသည်။

သူမြောန်ဒုန်းဘူတာရုံခေါင်းဆောင်ကိုသတ်ကာ အလံကိုရယူခဲ့သည့်အတွက် ထိုဘူတာရုံအလွတ်ကို မြန်မြန်ဆန်ဆန်သိမ်းပိုက်ရပေမည်။

အီဟွန်းဆန်းမှာစိုးရိမ်သောလေသံဖြင့်ပြောလာ၏။

“ကျွန်တော်တို့ချည်းပဲအဆင်ပြေပါ့မလား?”

“တိုက်ပွဲမရှိလောက်ဘူး။နောက်ပြီးသူတို့ကိုဘယ်လိုလုပ်ရမလဲဆုံးဖြတ်ရဦးမယ်။သူတို့ချည်းပဲလွှတ်ထားမယ်ဆို မကြာခင်သေမှာပဲ”

အဖွဲ့များဆုံးရှုံးခဲ့ရသည့်‘လေလွင့်သူများ’မှာ ကံဆိုးပါက ချွန်းမူရိုအားစွန့်ခွာခဲ့သောမြေရှင်မဟာမိတ်အဖွဲ့သားများကဲ့သို့ပင်တခြားအဖွဲ့များ၏သားကောင်ဖြစ်လာနိုင်၏။

သို့သော်လည်း သူတို့မြောန်ဒုန်းဘူတာသို့ရောက်လျှင်ရောက်ခြင်းမထင်ထားသည့်မြင်ကွင်းအားမြင်လိုက်ရသည်။မြောန်ဒုန်းဘူတာရှိလူများသည် တခြားတစ်ဖွဲ့၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးသားဖြစ်သည်။မြင်ကွင်းမှာစင်စစ်ကိုအနိဌာရုံပင်။

မြောန်ဒုန်းဘူတာရုံအနီးတွင်လူတစ်စုမတ်တပ်ရပ်နေကြသည်။ထို‌လူတစ်စုမှာသူတို့အားမြင်သည်နှင့်အံ့ဩတကြီးဖြင့်ဟွယ်ဟွန်းHoehyeong)ဘူတာရုံလားရာသို့လျင်လျင်မြန်မြန်ထွက်ပြေးသွားကြ၏။ထိုလူစုဟာဆိုင်ကယ်များနှင့်ထွက်ပြေးသွားကြသည်မို့ သူတို့အားဖမ်းမမိလိုက်ချေ။

ထိုလူတစ်စုမှာသူလာနေကြောင်းသိသကဲ့သို့ပင်။ထို့အပြင်နောက်ထပ် ထူးဆန်းသည့်အရာများတစ်ခုသို့မဟုတ်နှစ်ခုလည်းရှိ၏။

အီဟွန်းဆန်းကမေး၏။“အဲ့လူတွေဘယ်သူလဲ?ဘာဖြစ်ကုန်တာလဲ?”

“ငါလည်းမသေချာဘူး”

“ဒို့ဂျာရှီတောင်မှမသိဘူး...”

အီဟွန်းဆန်းတစ်ယောက်စိတ်လှုပ်ရှားစွာတံတွေးမြိုချမိသည်။ကံအားလျော်စွာဖြင့် မြောန်ဒုန်းဘူတာ၏အလံတိုင်မှာ အလွတ်ဖြစ်နေသေးသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now