အပိုင်း ၁၃၇ : ဖတ်မရနိုင်သော (၁)

41 10 0
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

စတုတ္ထနံရံ၏တန်ပြန်မှုအပေါ် နာဗာဏာအံအားသင့်နေခဲ့ပြီး ထို့နောက် နာဗာဏာဟာ အဖြူရောင်ကြယ်စင်စွမ်းအင်ဖြင့်ထိသွားသည်။

“အဲ့တာဘာလဲဟ?”

“ငါဘာမှမလုပ်ဘူး။ဒါကဇာတ်လမ်းရဲ့စွမ်းအား”

“ဘာ?”

သူသည်ကယ်မခြင်းဂိုဏ်း၏အယူဝါဒအပေါ် မယုံကြည်သော်ငြား သူသဘောတူသည့်အရာတစ်ခုတော့ရှိသည်။“ခင်ဗျားပြောခဲ့တယ် ခွန်အားနဲ့အားနည်းချက်တွေကို ဇာတ်လမ်းကဆုံးဖြတ်ပေးတယ်လို့လေ”

အဆင့်မြင့်အားကောင်းမောင်းသန်စစ်သည်တော်တစ်ယောက်ဟာ မှော်ခုခံရေးစကေလ်းမျိုးမရှိပါက မှော်ဆရာရဲ့ဟင်းတစ်ခွက်မျှသာဖြစ်လာလိမ့်မည်။ခွန်အားနှင့်အားနည်းချက်တွေဟာ ဇာတ်ကောင်းတိုင်းရဲ့သမိုင်းပေါ်မူတည်ပြီးသတ်မှတ်သည်။

“ဒီဘဝမှာ ခင်ဗျားဘာသာခင်ဗျား ယူဂျွန်ဟော့ရဲ့အားနည်းချက်နောက်ကိုလိုက်ရင်း
တိုက်ခိုက်ရေးစွမ်းရည်တွေကိုမယူထားခဲ့မိတာ။အားလုံးကခင်ဗျားအပြစ်နဲ့ခင်ဗျားပဲ။”

အခြေအနေတွေဟာ ဒီလိုမျိုးဖြစ်လာလိမ့်မည်လို့ ထင်မထား။တစ်စုံတစ်ရာဟာ နာဗာဏာ၏ကြီးထွားရေးလမ်းစဉ်ကြား လာ‌သက်ရောက်ခဲ့ပြီး ထိုသူဟာ ယူဂျွန်ဟော့ရဲ့counter(အားနည်းချက်)ဖြစ်လာခဲ့သည်။မည်သို့ပင်ဆိုစေ နာဗာဏာဟာ ယူဂျွန်ဟော့‌ရဲ့ကောင်တာဖြစ်လာခဲ့ပြီဆိုကတည်းက သူ့အားဘယ်သောအခါအနိုင်ယူနိုင်မည်မဟုတ်။

သူ့အသံအနေအထားအားရိပ်စားမိသွားသည့်နာဗာဏာရဲ့မျက်လုံးများဟာ တုန်လှုပ်သွား၏။ထိုလူက သူ့အားတိတ်တဆိတ်ကြည့်ရင်း ပြောသည်။“ငါမင်းနာမည်ကိုသိတယ်။ဂင်မ်ဒို့ဂျာ”

“အာ ငါတို့နာမည်တွေ‌အကြောင်းပြောနေကြတာလား?အိုခေ နာဗာဏာမိုးဗီးရပ်စ်။ငါတို့အခုစကား‌စပြောလို့ရပြီလား?”

မန်ဒလာအလင်းများပိတ်သွားသည်။ပြန်လည်ဝင်စားသူတစ်ယောက်ဟာ အကြောင်းမရှိဘဲ ဝင်စားသူတစ်ယောက် ဖြစ်နေသည်တော့မဟုတ်။ခလုတ်အားဖွင့်လိုက်သကဲ့သို့ ‌သူ့အရှေ့ရှိ ဒေါသတကြီးနာဗာဏာပျောက်ကွယ်ကာ စိတ်ပြန်လည်စုစည်းမိသည့်နာဗာဏာသာပေါ်ထွက်လာသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now