Greek mythology (About Orpheus)

228 26 1
                                    

Orpheusအကြောင်းတဖြတ်။

အော်ဖီးရပ်စ်နဲ့ယူရီဒိုက်။

အော်ဖီးရပ်စ် ဆိုတာက ဂီတအရာမှာတဖက်ကမ်းဖက်ကျွမ်းကျင်တဲ့လူတစ်ယောက်။သူရဲ့ဂီတဟာဘယ်လောက်တောင်မှကောင်းလိုက်သလဲဆို သူ့တေးသံနား‌ဆင်ဖို့ရာ ဝေဟင်မှာပျံသန်းနေတဲ့ငှက်တွေက သစ်ပင်သစ်ကိုင်းပေါ်မှာနားကြပြီး  မြေပြင်ပေါ်ကသတ္တဝါလေးတွေကတော့ သူ့အနားဝိုင်းဖွဲ့နားထောင်တတ်ကြတယ်။

တစ်နေ့မှာ‌တော့ အော်ဖီးရပ်က ယူရီဒိုက်စ်လို့ခေါ်တဲ့အမျိုးသမီးနဲ့ချစ်ကျွမ်းဝင်ပါလေရော။အဲ့လိုနဲ့မင်္ဂလာဆောင်ဖြစ်ကြတာပေါ့။ဒါပေမဲ့မင်္ဂလာဆောင်အချိန်အတွင်းမှာပဲ မင်္ဂလာပွဲကျင်းပရာအခမ်းအနားမှာသုံးတဲ့ မီးအိမ်နဲ့ဖယောင်းတိုင်တွေကနေ မီးခိုးငွေ့တွေထွက်လာတော့ ပွဲလာသူ ဧည့်ပရိတ်သတ်တွေမီးခိုးမွှန်ကုန်ကြရော။ဘုန်းတော်ကြီးတွေ‌တောင်မှ မျက်ရည်ကျကုန်ကြတဲ့အထိပဲသူတို့‌တွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါပြကြပြီးပြောကြတယ်။

“နမိတ်မကောင်းဘူး။ဒီလိုကိစ္စမျိုးက မင်္ဂလာဆောင်မှာမဖြစ်သင့်ဘူး”

နောက်တစ်နေ့မနက်မှာတော့ ယူရီဒိုက်စ်က စောစောနိုးလာတယ်။အိပ်‌‌မောကျနေဆဲဖြစ်တဲ့ အော်ဖီးရပ်စ်ကိုမနိုးတော့ဘဲ လမ်းလျှောက်ထွက်လာတယ်။ကျောက်တုံးပေါ်ခွေနေတဲ့မြွေကလည်းမနက်လင်းတော့ နိုးလာခဲ့တယ်။ယူရီဒိုက်ဟာ မြက်ခင်းတွေကြားခြေဗလာနဲ့သွားနေရင်းနဲ့ အဲ့မြွေနဲ့တွေ့ပါလေရော။မြွေရဲ့အစွယ်ကသူမခြေချင်းဝတ်ကိုကိုက်ခဲလိုက်ပြီးနောက် အဆိပ်ရည်တွေကသွေးကြောတလျှောက်ပျံ့နှံ့သွားတယ်။

အော်ဖီးရပ်စ်သူမကိုတွေ့လိုက်ရချိန်မှာတော့ မြေပြင်ပေါ်လဲလျောင်းနေတဲ့အေးစက်စက်အလောင်းပဲရှိတော့တယ်။အဲ့လိုနဲ့အော်ဖီးရပ်စ်ဟာ ချစ်ရသူသေဆုံးမှုကိုလက်မခံနိုင်ဘဲ လိုင်ရာကိုကျောပေါ်လွယ်ကာ  မရဏ္ဏကမ္ဘာထဲခြေဆန့်ခဲ့တော့တယ်။

မရဏ္ဏသို့အလည်သွားသည့်အော်ဖီးရပ်စ်။

အော်ဖီးရပ်စ်မရဏ္ဏကမ္ဘာထဲရောက်တဲ့အချိန်မှာပဲ မြစ်ကမ်းပါးတလျှောက်စောင့်ကြပ်နေတဲ့ ခေါင်းသုံးလုံးခွေးနက်ကြီး ကယ်ဘရပ်စ်နဲ့တွေ့ပါလေရော။အဲ့အချိန်မှာပဲအော်ဖီးရပ်က သူ့လိုင်ရာကိုကိုင်ကာစတင်တီးခတ်တယ်။သာယာငြိမ့်ငြောင်းလှတဲ့ အော်ဖီးရက်စ်ရဲ့တေးသံကြောင့် ခေါင်းသုံးလုံးနဲ့ခွေးကြီး ကယ်ဘရပ်စ်ဟာ အမြီးအားတခါခါလှုပ်ရမ်းရင်း သူ့မျက်လုံးခြောက်လုံးဟာလည်းပိတ်ကာ ခေါင်းသုံးလုံးဆီမှ အူသံထွက်လာတယ်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now