အပိုင်း ၅၁ : ရှေ့ဖြစ်ဟောတို့ရဲ့ည (၃)

236 51 5
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

သူနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်မောကျနေသည်။၎င်းဟာသူစောင့်မျှော်ခဲ့ရသည့်ကောင်းမွန်‌သောညတစ်ညကဲ့သို့ပင်။

[နှစ်ခြိုက်စွာအိပ်ပျော်ခြင်း၏သက်ရောက်မှုသည်သင့်စိတ်စွမ်းအားကိုအပြည့်အဝပြန်လည်ဖြည့်တင်းပေးသည်။]

[သင့်၏တချို့မူပိုင်စကေးလ်များကို updateပြုလုပ်သည်။]

သူနာရီကိုကြည့်တော့ ညနေ၄နာရီထိုးနေမှန်းတွေ့လိုက်ရ၏။

မနေ့ညက ဒွန်မြိုဘူတာနှင့်ပတ်ပတ်လည်ဧရိယာများကိုပတ်သိမ်းပြီးသည်နှင့် ပင်ပန်းနွမ်းနယ်မှုများသူ့ကိုယ်တွင်းသို့ရောက်ရှိလာခဲ့သည်။

[လက်ရှိသိမ်းပိုက်နယ်မြေ : ချွန်းမူရို(ပင်မအခြေစိုက်စခန်း)၊မြောန်ဒုန်း၊ဒွန်ဒယ်မွန်းသမိုင်းနှင့်ယဉ်ကျေးမှုဥယျာဉ်၊ဒွန်ဒယ်မွန်း၊ဒွန်မြို၊ရှင်ဒါန်ဘူတာရုံ၊ချုံးဂုဘူတာရုံ၊ရာ့စုဘူတာရုံ၊ရှင်စောလ်ဒွန်ဘူတာရုံ]

ဒွန်မြိုဘူတာကိုရလိုက်သည့်ကျေးဇူးကြောင့် အခုဆိုသူ့တွင်ဘူတာရုံ၉ရုံရှိနေချေပြီ။အခုဆို သူဘူတာရုံတစ်ခုထပ်ရပြီးသည်နှင့် ဘုရင်လမ်းဇာတ်ကွက်ပြီး‌ဆုံးပေလိမ့်မည်။

နည်းနည်းလေးထပ်ကြိုးစားသည်နှင့် ဇာတ်ကွက်အစ၏သော့ချက်ပန်းတိုင်များထဲမှတစ်ခုဖြစ်သည့် ‘သတ်ဖြတ်ခြင်းမရှိသောဘုရင်’ကိုရရှိနိုင်သည်။

သူထွက်လာသည်နှင့်ဂျောင်ဟီးဝန်နှင့်အီဟွန်းဆန်းကိုတွေ့လိုက်ရ၏။

“ငါတို့အဆင်သင့်ဖြစ်ပြီ။ဘယ်တော့သွားကြမလဲ?”

“ခဏလေး‌စောင့်ဦး”

သူ့ဆီဦးတည်လာနေသောလူနှစ်ဦးကိုကြည့်လိုက်သည်။

“ကောင်းကောင်းအိပ်ခဲ့ရဲ့လား?”

မနေ့ညက ဒွန်မြိုအဖွဲ့သားများအားလုံးကိုသူ့အဖွဲ့ထဲ‌ခေါ်သွင်းရန်ဆုံးဖြတ်လိုက်သည်။သူ့အရှေ့မှလူနှစ်ယောက်ဟာထိုဆုံးဖြတ်ချက်၏ရလဒ်ပင်။

ဂျောင်မင်ဆွတ်ကသူ့အားအလေးပြုကာဆို၏။

“...အသက်ရှင်ခွင့်ပေးပါ။”

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now