အပိုင်း ၃၁ : မြေရှင် (၅)

346 62 3
                                    

Unicode
Scroll Down for Zawgyi

သူထိုမကောင်းဆိုးဝါးအုပ်လိုက်ကြီးတစ်ဟုန်ထိုးဆန်တတ်လာသည်ကိုကြည့်ရင်းဖြင့်သူ့ပေါင်ထံသို့ခွန်အားများစုလိုက်၏။level15ရှိသည့်ခွန်အားများတစ်ချိန်တည်းစုမိသည်နှင့်အတူ ခြေဖဝါးတို့မှာလည်းသန်မာသောတွန်းပို့အားတို့ဖြစ်ထွန်းလာခဲ့သည်။

မြေကြွက်များမှာနေရာအနှံ့အပြားမှပြေးလာနေကြပြီး ခိုင်မာသောဦးချိုတို့ရှိသည့်ဂရိုးတို့မှာလည်းမထင်မှတ်ထားသည့်နေရာတို့မှထွက်လာကြ၏။

Level15ခံနိုင်ရည်ဖြင့်ထိန်းထာခဲ့သောသူ့အရေပြားတို့မှာလည်းပွန်းပဲ့ရာများနှင့်grollများ၏ဦးချိုများကြောင့်သွေးသံတရဲရဲဖြစ်နေ၏။

[နံပါတ်၁စာမှတ်ကဒ်ကိုအသက်သွင်းလိုက်သည်။]

စာမှတ်ကဒ်အားအသုံးပြုလိုက်ပြီနောက်ဂင်နမ်ဝူး၏အမှောင်ထုမှာသူ့ခန္ဓာကိုယ်အားရစ်ပတ်လာသည်။သူအရှေ့ဘက်မှထွက်ပေါ်လာသောမကောင်းဆိုးဝါးတို့အားတွန်းထုတ်သည်။

အစွယ်တွေဟာသူ့ခန္ဓာကိုယ်ထဲစိုက်၀င်နေပြီး မြေကြွက်အချို့ကတော့သူ့ပေါင်တို့အားကိုက်ခဲထားလေ၏။သို့သော်လည်းသူမရပ် ပြေးပြီးရင်းသာပြေးသည်။

အဲ့မှာပဲ။အဆုံးတွင် မူရင်းနံရံဟာမြင်နေရကာ သူမြေကြွက်များအပေါ်မှခုန်ကျော်လိုက်သည်။လူနှစ်ယောက်အတွက် အစိမ်းရောင်ဇုန်တစ်ခုတောက်တောက်ပပလင်းလက်နေသည်။

ဒါနဲ့...shit

[အစိမ်းရောင်ဇုန် ၁/၂]

ထိုအထဲတစ်‌ယောက်ယောက်ရှိနေနှင့်ပြီးသားဖြစ်၏။

"...."

သူအနောက်မှလာနေသည့်မကောင်းဆိုးဝါးများကိုပါမေ့ကာ ထိုလူအားစိုက်ကြည့်နေမိသည်။ဒီနေရာတွင်ဘယ်လိုမှမရှိသင့်သည့်လူတစ်ယောက်ရှိနေ၏။

"ဟေး"

ထိုလူကသူ့အားကြည့်လာ၏။

"မင်းထွက်သွားလို့မရဘူးလား?မင်းဒီမှာနေစရာတောင်မလိုဘဲ"

"ပြဿနာပဲ။ငါဒီနေ့ပင်ပန်းနေတယ်"

သူထိုအရိုင်းအစိုင်းကောင်၏မျက်နှာအားထိုးပစ်ချင်၏။သူနားမလည်တော့။ဒီလူဟာ သူသိသည့်'တတိယမြောက်ပြန်လည်ရှင်သန်ခြင်း'၏ယူဂျွန်ဟော့မဟုတ်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now