အပိုင်း ၁၁၇ : စွန့်ပစ်ကမ္ဘာငယ် (၂)

194 27 2
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦
𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪

ထိုမက်ဆေခ်ျနှင့်အတူ ဇာတ်ကွက်အကြောင်းအရာများပါ သူ့ခေါင်းထဲပေါ်ထွက်လာသည်။

+

[ပင်မဇာတ်ကွက် #6 - ???? ]

အမျိုးအစား : အဓိက

ခက်ခဲမှု : ???

ရှင်းလင်းရန်အခြေအနေများ : ‌???

ကြာချိန် - ???

ဆုလာဘ် - ???

ကျရှုံး : —

+

“အယ်?ခက်ခဲမှုအဆင့်နဲ့ရှင်းလင်းရမဲ့အ‌ခြေအနေတွေလည်းမရှိပါလား?”

“...သူတို့ကငါတို့ကိုဘာလုပ်စေချင်တာလဲ?ဘာလို့အကုန်question markတွေလဲ?”

ဇဝေဇဝါဖြစ်နေကြသောလူများမှာ ဝင်းဒိုးအားကြိမ်ဖန်များစွာဆင့်‌ခါ်နေ‌ကြသော်လည်း ဇာတ်ကွက်အကြောင်းအရာများကမူ question markများဖြစ်နေဆဲသာ။သူက‌တော့‌တွေးမိပြီးသားဖြစ်သည့်အတွက်မအံ့ဩမိ။အဲ့တာကဘာလို့ဆို ဒီဇာတ်ကွက်က...

“ဒီဇာတ်ကွက်ကို လူတချို့ပဲလုပ်နိုင်တယ်”သူ့အနားရှိ အရပ်ရှည်ရှည်သက်လတ်ပိုင်းလူတစ်ယောက်က ကြေညာသည်။

“ခင်ဗျား ...”

“မတွေ့ရတာကြာပြီ ဂင်မ်ဒို့ဂျာ-နင်မ်။ဒါကငါတို့ပထမဆုံးအကြိမ်‌သေသေချာချာနှုတ်ဆက်ဖြစ်တာပဲ။”

...အဲ့ဦးလေးကြီးလည်းဒီရောက်နေတာပဲ။သူစကားပြောဖို့ရွယ်လိုက်ပေမဲ့ ထိုလူက လက်နှုတ်ဆွဲနှုတ်ဆက်ရန်အရင်လက်လှမ်းလာသည်။

“ငါက ဂျွန်းအီလ်ဒို။ကြားနေဘုရင်လို့လဲခေါ်တယ်”

“ကျွန်တော်ကဂင်မ်ဒို့ဂျာ”

ကြားနေဘုရင် ဂျွန်းအီလ်ဒို။ထိုလူဟာ အလှဘုရင်မင်ဂျီဝန်း ၊ မေတ္တယျဘုရင်ချာဆန်ဂျောင်းတို့နှင့်အတူ အကြွင်းမဲ့ပလ္လင်အတွင်းရှင်ကျန်နေသော ဆိုးလ်၏ကျန်ရှိဘုရင်အနည်းစုထဲမှတစ်ပါးဖြစ်သည်။

သူ့အနေနှင့် ဂျွန်းအီလ်ဒိုအပေါ်အထင်ကြီးသည့်မှတ်ဉာဏ်မျိုးရှိနေသည်။ထိုလူသည် ပလ္လင်အား သူ့အသိစိတ်နှင့်သူအရှုံးပေးခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now